တမန်တော်ဝတ္ထု 13:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသော ယေရှုသည် ပုပ်ပျက်ခြင်းကို မတွေ့ကြုံခဲ့ရပေ။ Common Language Bible သို့ရာတွင်သေခြင်းမှဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောအရှင်၏ကိုယ်ခန္ဓာ ကားထိုသို့ပုပ်ပျက်ခြင်းမရှိ။- Garrad Bible ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ သော အ ရှင် မူ ကား ပုပ် ပျက် ခြင်း နှင့် မ ကြုံ ကြိုက် ရ၊ Judson Bible ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့ မရောက်။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်ထမြောက်စေတော်မူသောအရှင်မူကား ပုပ်ပျက်ခြင်းနှင့် မကြုံတွေ့ခဲ့ပေ။ |
ဘုရားသခင်သည် ယေရှုကို ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ဘိုးဘေးတို့၏သားသမီးများဖြစ်ကြသော ကျွန်ုပ်တို့အတွက် ထိုကတိတော်ကို ပြည့်စုံစေတော်မူ၏။ ဒုတိယမြောက်ဆာလံကျမ်းတွင် ‘သင်သည် ငါ၏သားဖြစ်၏။ ယနေ့တွင် သင့်ကို ငါ၏သား ဖြစ်စေပြီ’ ဟူ၍ ရေးသားထား၏။
သို့သော်လည်း ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၍ သေခြင်းနှင့်ဆိုင်သောဝေဒနာမှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုးသည် ထိုအရှင်ကို အစဉ်ချုပ်နှောင်ထားရန် မဖြစ်နိုင်သောကြောင့်ပင်။
ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်။