ထိုသို့ ဘုရားသခင်သည် ထိုသူတို့အား ကျေးဇူးတော်ကို အခြေခံ၍ ရွေးကောက်တော်မူ၏။ သူတို့၏ အကျင့်ကို အခြေခံ၍ ရွေးကောက်တော်မူသည်မဟုတ်။ လူ့အကျင့်ကို အခြေခံ၍ ရွေးကောက်တော်မူလျှင် ဘုရားသခင်၏ ကျေးဇူးတော်သည် အစစ်အမှန်မဟုတ်တော့ပေ။
ဂလာတိ 5:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံလိုသော သင်တို့သည် ခရစ်တော်နှင့် အဆက်ပြတ်၍ ဘုရားသခင်၏ ကျေးဇူးတော်လက်အောက်တွင် မရှိကြတော့ပေ။ Common Language Bible ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံမှုကို ပညတ်တရားလိုက်လျှောက်ခြင်းအားဖြင့်ရှာ လျှင် သင်တို့သည်ခရစ်တော်နှင့်အဆက်ပြတ်၍ ဘုရားသခင်၏ကျေးဇူးတော်တရားလက် အောက်တွင်မရှိတော့ပြီ။- Garrad Bible ပ ညတ် တ ရား အား ဖြင့် ဖြောင့် မတ် ရာ ရောက် လို သ မျှ သော သင် တို့ သည် ခ ရစ် တော့် ထံ က ခွာ ၍ ကျေး ဇူး တော် မှ နှင် ထုတ် ခံ ရ ကြ ပြီ။ Judson Bible ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံလိုသောသင်တို့သည် ခရစ်တော်ထံမှ ဖယ်ရှားခြင်းခံရ၍ ကျေးဇူးတော်ထံမှ ရွေ့လျောသွားကြပြီ။ |
ထိုသို့ ဘုရားသခင်သည် ထိုသူတို့အား ကျေးဇူးတော်ကို အခြေခံ၍ ရွေးကောက်တော်မူ၏။ သူတို့၏ အကျင့်ကို အခြေခံ၍ ရွေးကောက်တော်မူသည်မဟုတ်။ လူ့အကျင့်ကို အခြေခံ၍ ရွေးကောက်တော်မူလျှင် ဘုရားသခင်၏ ကျေးဇူးတော်သည် အစစ်အမှန်မဟုတ်တော့ပေ။
ထို့ကြောင့် ပညတ်တရား၌ပါသောပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မဟုတ်။ ပညတ်တရားသည် ကျွန်ုပ်တို့မည်မျှ အပြစ်ရှိကြောင်းကို သိရန်သာ ဖော်ပြ၏။
ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မပစ်ပယ်။ လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရလျှင် ခရစ်တော်၏ အသေခံတော်မူခြင်းသည် အချည်းနှီးဖြစ်၏။
နားထောင်ကြလော့။ ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရရန် အရေပြားလှီးခြင်းမင်္ဂလာကို သင်တို့ခံယူလျှင် ခရစ်တော်အားဖြင့် မည်သည့်အကျိုးကိုမျှ သင်တို့ရကြမည်မဟုတ်ဟု ကျွန်ုပ်ပေါလုပြော၏။
မည်သူမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မဆုံးရှုံးစေရန် သတိပြုလော့။ သင်တို့ကို ဒုက္ခပေး၍ လူများစွာကို ညစ်ညူးစေမည့် ခါးသီးသောအမြစ်ကို မပေါက်ပွားစေရန် သတိပြုလော့။
ထို့ကြောင့် ဘုရားသခင်၏စံမြန်းနားခိုရာသို့ ဝင်ရမည့် ကတိတော်တည်ဆဲဖြစ်လျက်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိုဝင်ခွင့်ကို မဆုံးရှုံးမိစေရန် သတိပြုကြစို့။
ထို့ကြောင့် သင်ကျဆင်းသွားသည့်အပိုင်းကို ဆင်ခြင်လော့။ နောင်တရလျက် အစဦး၌ ပြုသကဲ့သို့ ပြုလော့။ ထိုသို့နောင်တမရပါက ငါသည် သင့်ထံသို့လာ၍ သင့်ဆီမီးတိုင်ကို နေရာမှ ဖယ်ရှားမည်။