အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဂ​လာ​တိ 5:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဘဝင်မြင့်ခြင်း၊ အချင်းချင်း​အမျက်​ကို​နှိုးဆော်ခြင်း၊ အချင်းချင်း​မနာလိုခြင်းတို့​မရှိဘဲ နေကြစို့။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​သည်​မာန်​မာ​န​မ​ရှိ​ရ။ အ​ချင်း​ချင်း အ​မျက်​ထွက်​အောင်​မ​ဆွ​ရ။ မ​နာ​လို​ခြင်း မ​ရှိ​ရ။

အခန်းကိုကြည့်ပါ။

Garrad Bible

တစ် ယောက် ကို တစ် ယောက် အ မျက် တိုက် ခြင်း၊ ငြူ စူ ခြင်း များ ကို ရှောင် လျက် ဝါ ကြွား ခြင်း ကင်း လျက် နေ ကြ ကုန် အံ့။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ချည်း​နှီး​သော ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​ခြင်း၊ အ​ချင်း​ချင်း ချုပ်​ချယ်​နှောင့်​ယှက်​ခြင်း၊ အ​ချင်း​ချင်း ငြူ​စူ​ခြင်း​တို့​ကို ရှောင်၍​နေ​ကြ​ကုန်​အံ့။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

စိတ်ကြီးဝင်​၍ အချင်းချင်း​ရန်လို​သော​စိတ်၊ အချင်းချင်း​မလိုမုန်းထား​သော​စိတ်​မ​ရှိ​ဘဲ​နေ​ကြ​ကုန်စို့။

အခန်းကိုကြည့်ပါ။



ဂ​လာ​တိ 5:26
8 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ သင်​သည် ဖိတ်ခေါ်ခြင်း​ခံရ​သောအခါ နောက်ဆုံး​နေရာ​၌သာ ထိုင်လော့။ ထိုသို့​ပြု​လျှင် ပွဲရှင်​သည် သင့်​ကို မြင်​သောအခါ ‘မိတ်ဆွေ… ရှေ့​၌ နေရာ​ရှိပါသည်’ ဟူ၍ ပြော​လိမ့်မည်။ ထိုအခါ သင်​နှင့်အတူ​ထိုင်သော ဧည့်သည်​အားလုံး ရှေ့​တွင် သင်​သည် ဂုဏ်အသရေရှိ​လိမ့်မည်။


မျိုးစေ့​စိုက်သူ​နှင့် ရေလောင်းသူတို့​သည် အဓိက​မဟုတ်ပေ။ အပင်​ကို ကြီးထွားစေတော်မူသော ဘုရားသခင်​သာလျှင် အဓိက​ဖြစ်၏။


သို့သော် သင်တို့​သည် အချင်းချင်း ကိုက်ဖြတ်​ဝါးမျိုကြ​လျှင် အချင်းချင်း​ကြောင့် ပျက်စီး​သွားမည်​ဖြစ်​၍ သတိပြုကြလော့။


ထို့ပြင် ဖိလိပ္ပိ​မြို့သူမြို့သားတို့… သတင်းကောင်း​ကို သင်တို့ စတင်​ကြားသိ​ချိန်၊ မာကေဒေါနိပြည်​မှ ကျွန်ုပ်​ထွက်လာသော​အချိန်​၌ သင်တို့​သာလျှင် ငွေကြေး​လှူဒါန်းခြင်း​ဖြင့် ပါဝင်​ကူညီခဲ့ကြ၏။ အခြား​မည်သည့် အသင်းတော်​က​မျှ မလှူဒါန်းခဲ့ကြောင်း သင်တို့​သိကြ၏။


ယခု​တွင်မူ သင်တို့​သည် လုပ်ဆောင်မည့်​အစီအစဉ်​အကြောင်း မာနထောင်​လျက် ကြွားဝါတတ်ကြ၏။ ထိုသို့သော ကြွားဝါခြင်း​မှန်သမျှ​သည် မကောင်းမှု​ဖြစ်၏။


ထိုနည်းတူ ငယ်ရွယ်သော​သူတို့… အသင်းတော်​အကြီးအကဲတို့​ကို နာခံကြလော့။ တစ်ဦး​ကို​တစ်ဦး အချင်းချင်း ဆက်ဆံရာ​၌ နှိမ့်ချသော​စိတ်​ကို တန်ဆာ​ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “မာန​ထောင်လွှားသော​သူတို့​ကို ဘုရားသခင်​သည် ဆန့်ကျင်​၍ နှိမ့်ချသော​သူတို့​ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား​သောကြောင့်​ဖြစ်၏။