သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အား အာရှပြည်၌ နှုတ်ကပတ်တရားတော်ကိုဟောပြောရန် တားမြစ်သဖြင့် ဖြူဂိပြည်နှင့် ဂလာတိပြည်ကို ဖြတ်သွားကြ၏။
ဂလာတိ 4:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အတွက် ကျွန်ုပ်ကြိုးစားလုပ်ဆောင်ခဲ့သော အရာများ အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိုးရိမ်၏။ Common Language Bible ငါသည်သင်တို့အတွက်စိုးရိမ်မိ၏။ သင်တို့ အတွက် ငါလုပ်ဆောင်ခဲ့သမျှသောအရာတို့ သည်အချည်းနှီးဖြစ်ရလေတော့မည်လော။ Garrad Bible သင် တို့ အ ဖို့ ငါ ဆောင် ရွက် မှု အ ချည်း အ နှီး ဖြစ် မည် ဟု ငါ စိုး ရိမ် ၏။ Judson Bible ငါသည်သင်တို့ဆီမှာ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အတွက် ငါကြိုးစားလုပ်ဆောင်ခဲ့သောအရာသည် အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးဖြစ်ပြီလောဟု သင်တို့အတွက် ငါစိုးရိမ်၏။ |
သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အား အာရှပြည်၌ နှုတ်ကပတ်တရားတော်ကိုဟောပြောရန် တားမြစ်သဖြင့် ဖြူဂိပြည်နှင့် ဂလာတိပြည်ကို ဖြတ်သွားကြ၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည်လည်း လူမျိုးခြားဖြစ်သော သင်တို့ကဲ့သို့ ဖြစ်လာခဲ့သည့်နည်းတူ သင်တို့သည်လည်း ပညတ်တရားလက်အောက်မှ လွတ်ခွင့်ရသော ကျွန်ုပ်ကဲ့သို့ ဖြစ်လာကြရန် ကျွန်ုပ်တောင်းပန်ပါ၏။ သင်တို့သည် ကျွန်ုပ်အပေါ် မပြစ်မှားခဲ့ကြ။
ကျွန်ုပ်သည် သင်တို့နှင့် ပတ်သက်၍ မည်သို့ပြုရမည်နည်းဟု စဉ်းစားရခက်သဖြင့် ယခုပင် သင်တို့ကို ကိုယ်တိုင်တွေ့၍ ကျွန်ုပ်၏ လေသံကို ပြောင်းလို၏။
ထာဝရအသက်ကို ပေးသည့် နှုတ်ကပတ်တရားတော်ကို မြဲမြံစွာ စွဲကိုင်ကြလော့။ ထိုသို့ ပြုလျှင် ကျွန်ုပ်ကြိုးစားအားထုတ်၍ လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဟုတ်သောကြောင့် ခရစ်တော်ပြန်ကြွလာသည့်အချိန်၌ ဂုဏ်ယူဝင့်ကြွားနိုင်လိမ့်မည်။
ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဆက်လက်သည်းမခံနိုင်တော့ဘဲ သင်တို့၏ ယုံကြည်ခြင်း ခိုင်မြဲဆဲရှိသည် မရှိသည်ကို သိရန် တိမောသေကို စေလွှတ်ခြင်းဖြစ်၏။ ဖြားယောင်းသွေးဆောင်သူသည် သင်တို့ကို တစ်နည်းတစ်ဖုံ သွေးဆောင်သဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့ခြင်းသည် အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိတ်ပူ၏။
ထို့ကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့်အရာများကို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကို သင်တို့အပြည့်အဝခံစားရစေရန် သတိပြုလော့။