ကျွန်ုပ်တို့အကျိုးအတွက်ပါ ရေးထားခြင်းဖြစ်၏။ ကျွန်ုပ်တို့၏သခင် ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလည်း ဖြောင့်မတ်သူများအဖြစ် သတ်မှတ်တော်မူမည်။
ဂလာတိ 3:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ကျမ်းစာ၌ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို ထောက်၍ ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏” ဟု ဖော်ပြထား၏။ Common Language Bible အာဗြဟံ၏တွေ့ကြုံခံစားချက်ကိုဆင်ခြင် စဉ်းစားကြစို့။ ကျမ်းစာတော်က ``အာဗြဟံ သည်ဘုရားသခင်ကိုယုံကြည်၏။ သို့ဖြစ်၍ ဘုရားသခင်သည်အာဗြဟံအား သူတော် ကောင်းအဖြစ်လက်ခံတော်မူသည်'' ဟုဆို၏။- Garrad Bible အာ ဗြ ဟံ သည် ဘု ရား သ ခင် ကို ယုံ ကြည် သ ဖြင့် သူ့ ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ သည် ဟူ သော ကျမ်း ချက် အ တိုင်း ဖြစ် သ တည်း။ Judson Bible ထိုနည်းတူ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ဆိုထားသည့်အတိုင်းဖြစ်၏။ |
ကျွန်ုပ်တို့အကျိုးအတွက်ပါ ရေးထားခြင်းဖြစ်၏။ ကျွန်ုပ်တို့၏သခင် ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလည်း ဖြောင့်မတ်သူများအဖြစ် သတ်မှတ်တော်မူမည်။
သို့ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသူတို့သည် ယုံကြည်သောအာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာကို ခံစားကြရ၏။
“အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို ထောက်၍ ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏” ဟူသော ကျမ်းစကားသည် လက်တွေ့ဖြစ်လာ၏။ ဘုရားသခင်သည် အာဗြဟံအား “ငါ့မိတ်ဆွေ” ဟု ခေါ်တော်မူ၏။