ထိုဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားကသူ့အား ရူပါရုံတွင် “အာနနိ” ဟု ခေါ်ရာ သူက “အကျွန်ုပ်ရှိပါ၏သခင်ဘုရား” ဟု လျှောက်၏။
ဂလာတိ 1:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ထက် စော၍ တမန်တော်ဖြစ်သော သူတို့ရှိရာ ဂျေရုဆလင်မြို့သို့လည်း မသွား။ သို့သော် အာရပ်ပြည်သို့ သွားပြီးနောက် ဒမတ်စကပ်မြို့သို့ ပြန်လာခဲ့၏။ Common Language Bible ငါ၏အလျင်တမန်တော်ရာထူးကိုရရှိသူ တို့နှင့်တွေ့ရန် ယေရုရှလင်မြို့သို့လည်းငါ မသွား။ ဦးစွာပထမအာရေဗျပြည်သို့ သွားပြီးနောက် ဒမာသက်မြို့သို့ပြန်လာခဲ့၏။- Garrad Bible ငါ သည် အ သွေး အ သား ဖြစ် သူ တို့ နှင့် မ တိုင် ပင်၊ ငါ့ အ ရင် တ မန် တော် ဖြစ် သူ တို့ ရှိ ရာ ယေ ရု ရှ လင် မြို့ သို့ လည်း မ သွား ဘဲ အာ ရပ် ပြည် သို့ ရုတ် ခြင်း သွား ပြီး နောက် ဒ မာ သက် မြို့ သို့ တစ် ဖန် ပြန် လာ ၏။ Judson Bible ငါ့အရင် တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင်မြို့ သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ချင်းသွား၍ တစ်ဖန် ဒမာသက်မြို့သို့ ပြန်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ထက်အလျင်ဦးစွာ တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ဂျေရုဆလင်မြို့သို့လည်း မသွားဘဲ အာရေဗျပြည်သို့ ချက်ချင်းထွက်ခွာသွားပြီးလျှင် ဒမတ်စကပ်မြို့သို့ တစ်ဖန်ပြန်လာခဲ့၏။ |
ထိုဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားကသူ့အား ရူပါရုံတွင် “အာနနိ” ဟု ခေါ်ရာ သူက “အကျွန်ုပ်ရှိပါ၏သခင်ဘုရား” ဟု လျှောက်၏။
အစာစားသဖြင့် ခွန်အားပြန်လည် ပြည့်လေ၏။ ရှောလုသည် ဒမတ်စကပ်မြို့မှ တပည့်တော်များနှင့် ရက်အနည်းငယ် နေထိုင်လေ၏။
ခရစ်တော်၏တရားလမ်းသို့လိုက်သော အမျိုးသား၊ အမျိုးသမီးများကိုတွေ့ရှိပါက ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာရေးအတွက် ဒမတ်စကပ်မြို့ရှိ ဂျူးဝတ်ပြုဆောင်များသို့ အမှာစာများရေးပေးရန် တောင်းခံလေ၏။
ရှောလုသည် မြေပြင်မှထ၍ မျက်စိကို ဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရပေ။ ထို့ကြောင့် ထိုသူတို့က သူ့အား တွဲခေါ်၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။
ထို့နောက် သုံးနှစ်ကြာသော် ကျွန်ုပ်သည် ပေတရုနှင့် အကျွမ်းဝင်ရန် ဂျေရုဆလင်မြို့သို့ သွား၍ သူနှင့်အတူ ဆယ့်ငါးရက် နေထိုင်ခဲ့၏။