သင်၏မိဘကို ရိုသေလော့။ ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟု မိန့်တော်မူ၏။
ကောလောသဲ 3:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသမီးတို့… သခင်ဘုရားနှစ်သက်တော်မူသည်နှင့်အညီ အရာရာ၌ မိဘစကားကို နားထောင်ကြလော့။ Common Language Bible သားသမီးဖြစ်သူတို့၊ မိဘစကားကိုအစဉ် နားထောင်ကြလော့။ ဤအမှုသည်ဘုရားသခင် နှစ်သက်တော်မူသောအမှု၊ ပြုကျင့်အပ်သော အမှုဖြစ်၏။- Garrad Bible သား သ မီး ဖြစ် သူ တို့၊ အ ရှင် ဘု ရား ရှေ့ နှစ် သက် ဖွယ် ဖြစ် သည့် အ တိုင်း မိ ဘ စ ကား ကို အ ရာ ရာ တွင် နား ထောင် ကြ လော့။ Judson Bible သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင်ဘုရား နှစ်သက်တော်မူသော အမှုဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သားသမီးတို့၊ အရာရာ၌ မိဘစကားကိုနားထောင်ကြလော့။ အကြောင်းမူကား ဤအရာသည် သခင်ဘုရားနှစ်သက်တော်မူသောအရာဖြစ်၏။ |
သင်၏မိဘကို ရိုသေလော့။ ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟု မိန့်တော်မူ၏။
အသင်းတော်သည် ခရစ်တော်ကို နာခံသကဲ့သို့ ဇနီးသည်တို့သည်လည်း အရာရာ၌ မိမိခင်ပွန်းသည်ကို နာခံကြရမည်။
ယခုအခါ ကျွန်ုပ်၌ လိုအပ်သောအရာများအားလုံးကို လက်ခံရရှိ၍ ကြွယ်ဝလျက် ရှိပြီ။ သင်တို့ ရက်ရောစွာ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်ထံမှ လက်ခံရရှိ၍ ပြည့်စုံလျက် ရှိ၏။ ထိုအရာတို့သည် မွှေးကြိုင်သောပူဇော်စရာ၊ ဘုရားသခင် လက်ခံနှစ်သက်တော်မူသောယဇ် ဖြစ်ကြ၏။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
ကျွန်ဖြစ်သူတို့… အရာရာ၌ သင်တို့၏ လောကီသခင်ကို နာခံကြလော့။ မျက်နှာသာရရန်အတွက် သူ့ရှေ့၌သာ နာခံသည်မဟုတ်ဘဲ သခင်ဘုရားကို ကြောက်ရွံ့ရိုသေလျက် ရိုးသားသောစိတ်ဖြင့် နာခံကြလော့။
မိမိသခင်တို့ကို အရာရာ၌ နာခံ၍ စိတ်ကျေနပ်အောင် ဆောင်ရွက်ရန် ကျွန်တို့အား သွန်သင်လော့။ ခွန်းတုံ့မခံပြောခြင်း၊
မိမိနှစ်သက်တော်မူသော အရာကို ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့တွင် ပြုတော်မူပါစေသော။ ကိုယ်တော်၏ အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကို ပြီးပြည့်စုံစေတော်မူပါစေသော။ ထိုသခင် ယေရှုသည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။