အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကော​လော​သဲ 1:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သားတော်​သည် အရာ​အားလုံး​မရှိ​မီ အလျင်​ရှိနှင့်တော်မူ၏။ ဖန်ဆင်းခံ​အရာ​အားလုံး​သည် ကိုယ်တော်​ကြောင့်သာ စနစ်တကျ ဖြစ်တည်​လျက် ရှိကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ခ​ရစ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​မ​ပေါ် ပေါက်​မီ​က​ပင်​ရှိ​နေ​တော်​မူ​၏။ ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​စ​နစ်​တ​ကျ​တည် လျက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ် တော် သည် အ ရာ ခပ် သိမ်း အ ရင် ဖြစ် တော် မူ၏။ အ ရာ ခပ် သိမ်း လည်း ကိုယ် တော် ကြောင့် တည် မြဲ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သား​တော်​သည်​လည်း ခပ်​သိမ်း​သော​အ​ရာ မ​ဖြစ်​မီ ဖြစ်​တော်​မူ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​အား​ဖြင့်​သာ တည်​ကြ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သား​တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ထက် အလျင်​ဦးစွာ​ရှိ​နှင့်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၌​စုပေါင်း​တည်ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။



ကော​လော​သဲ 1:17
19 ပူးပေါင်းရင်းမြစ်များ  

အို အဖ… ကမ္ဘာ​မတည်ရှိ​မီက ကိုယ်တော်​နှင့်အတူ အကျွန်ုပ်​ရရှိသော ဘုန်းအသရေ​ဖြင့် အကျွန်ုပ်​ကို ရှေ့တော်​၌ ယခု​ဘုန်းကြီးစေတော်မူပါ။


ယေရှု​က “ငါ​အမှန်​ဆိုရ​လျှင် အာဗြဟံ မဖြစ်​မီ​ကပင် ငါ​ဖြစ်၏” ဟု မိန့်တော်မူ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​အားဖြင့် ရှင်သန်​လှုပ်ရှား​၍ ဖြစ်တည်ကြ၏။ သင်တို့​အထဲမှ လင်္ကာဆရာ​တချို့​ကလည်း ‘ကျွန်ုပ်တို့​မှာ ဘုရားမျိုး​သာ ဖြစ်ကြပါ၏’ ဟု စပ်ဆိုခဲ့ကြ၏။


ကျွန်ုပ်တို့​အတွက်​မှာမူ အရာခပ်သိမ်း​ကို ဖန်ဆင်းတော်မူသော အဖ​ဘုရားသခင် တစ်ဆူတည်း​သာ​ရှိ၏။ ကျွန်ုပ်တို့​သည် ကိုယ်တော်​အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့​အတွက် ယေရှု​ခရစ်တော်​ဟူသော သခင်​တစ်ပါးတည်း​သာ ရှိ​၍ အရာခပ်သိမ်း​သည် ထို​အရှင်​အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​အားဖြင့်​သာ အသက်ရှင်ကြ၏။


သားတော်​သည် မျက်စိ​ဖြင့်​မမြင်ရသော ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်ပြီး ဘုရားသခင်​ဖန်ဆင်းတော်မူ​သမျှသော အရာ​အားလုံး​တွင် သားဦး​ဖြစ်တော်မူ၏။


သားတော်​သည် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​နှင့် ထွန်းတောက်​လျက်​ရှိပြီး ဘုရားသခင်​၏ စစ်မှန်သည့် စရိုက်​လက္ခဏာ​ကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်​သည် မိမိ​၏​တန်ခိုးကြီးသော အမိန့်တော်​ဖြင့် အရာ​အားလုံး​ကို တည်တံ့​စေတော်မူ​ကာ လောကီသားတို့​၏ အပြစ်များ​ကို ဖယ်ရှား​ပြီးနောက် အထက်​ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


ယေရှု​ခရစ်တော်​သည် မနေ့၊ ယနေ့၊ နောင်​ကာလ အစဉ်​မပြောင်းလဲဘဲ ရှိတော်မူ၏။


ထို​အသံ​က “သင်​မြင်သော​အရာ​ကို စာစောင်​တွင် ရေး​၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ​ရှိ အသင်းတော်​ခုနစ်ပါး​ထံသို့ ပေးပို့လော့” ဟု ဆို၏။


ထို​သူ​ကို တွေ့​သောအခါ ကျွန်ုပ်​သည် သေသွား​သကဲ့သို့ သူ​၏ ခြေရင်း​၌ လဲကျသွား၏။ ထိုအခါ သူ​သည် လက်ယာ​လက်​ကို ကျွန်ုပ်​အပေါ်​တင်​၍ အောက်ပါ​အတိုင်း ဆို၏။ “မကြောက်နှင့်။ ငါ​သည် အစဦးဆုံးသောသူ​နှင့် နောက်ဆုံးသောသူ​ဖြစ်၏။


ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိ​လျက် နောင်အခါ​၌လည်း​ကြွလာမည့် အနန္တ​တန်ခိုးရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။


စမုရနမြို့​၌​ရှိသော အသင်းတော်​၏​ကောင်းကင်တမန်​ထံသို့ စာရေးလော့။ အစဦးဆုံး​နှင့် နောက်ဆုံး​ဖြစ်သောသူ၊ အသေခံ​ပြီး အသက်​ပြန်ရှင်လာသောသူ​က ဤသို့​မိန့်တော်မူ၏။