ရှင်ယောဟန် 6:24 - မြန်မာ ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှာ ကပေရနောင်မြို့သို့ သွားကြ၏။ Common Language Bible လူပရိသတ်သည်ထိုအရပ်တွင်သခင်ယေရှု သည်လည်းကောင်း၊ တပည့်တော်တို့သည်လည်း ကောင်းမရှိကြောင်းကိုသိမြင်သောအခါ ထို လှေများပေါ်သို့တက်၍ကိုယ်တော်ကိုရှာရန် ကပေရနောင်မြို့သို့သွားကြ၏။ Judson Bible ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှာ ကပေရနောင်မြို့သို့ သွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်သည် ထိုအရပ်၌ ယေရှုမှစ၍တပည့်တော်တို့ပါ မရှိကြောင်းကိုသိမြင်သဖြင့် ထိုလှေငယ်များပေါ်တက်ပြီးလျှင် ယေရှုကိုရှာရန် ကပေရနောင်မြို့သို့သွားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူထုသည်လည်း ထိုနေရာတွင် ယေရှုနှင့် တပည့်တော်တို့ မရှိကြောင်း သိသောအခါ ရောက်လာသောလှေများပေါ်သို့ တက်၍ ယေရှုကို ရှာရန် ကပေရနောင်မြို့သို့ သွားကြ၏။ |
ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟု လျှောက်ဆို၏။-
ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမျှော်လင့်လျက် နေကြသောကြောင့် ဝမ်းမြောက်စွာလက်ခံကြ၏။-
ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။-
အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာအရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များလာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတစ်ပါး အဘယ်လှေမျှ မရှိသည်ကိုလည်းကောင်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့ နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့သာ သွားသည်ကိုလည်းကောင်း မြင်ကြ၍၊-
ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။-
ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။-