ရှင်ယောဟန် 4:15 - မြန်မာ မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊- Common Language Bible ထိုအမျိုးသမီးက ``အရှင်၊ ကျွန်မသည်နောက် တစ်ဖန်ရေမငတ်စေရန်လည်းကောင်း၊ ဤအရပ် သို့လာ၍ရေမခပ်ရစေရန်လည်းကောင်း ထိုရေ ကိုကျွန်မအားပေးတော်မူပါ'' ဟုလျှောက်၏။ Garrad Bible ထိုမိန်းမက အရှင်၊ ကျွန်မသည်ရေမငတ်စေရန်လည်းကောင်း၊ ဤတွင်းသို့ရေခပ်မလာရစေရန်လည်းကောင်း၊ ထိုရေကို သနားတော်မူပါဟု လျှောက်သော်၊ Judson Bible မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးက “အရှင်၊ ကျွန်မသည် ရေမငတ်စေရန်နှင့် ဤနေရာသို့လာ၍ ရေမခပ်ရလေအောင် ထိုရေကို ကျွန်မအားပေးတော်မူပါ”ဟု လျှောက်လျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း အမျိုးသမီးက “သခင်… ထိုရေကို ကျွန်မအား ပေးတော်မူပါ။ သို့ဖြစ်လျှင် ကျွန်မသည်လည်း နောက်ထပ် ရေငတ်တော့မည်မဟုတ်ပါ။ ဤနေရာသို့ လာ၍ ရေခပ်ရန်လည်း လိုတော့မည်မဟုတ်ပါ” ဟု လျှောက်၏။ |
ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။-
သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။-
ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ။-