ရှင်ယောဟန် 4:15 - Common Language Bible15 ထိုအမျိုးသမီးက ``အရှင်၊ ကျွန်မသည်နောက် တစ်ဖန်ရေမငတ်စေရန်လည်းကောင်း၊ ဤအရပ် သို့လာ၍ရေမခပ်ရစေရန်လည်းကောင်း ထိုရေ ကိုကျွန်မအားပေးတော်မူပါ'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible15 ထိုမိန်းမက အရှင်၊ ကျွန်မသည်ရေမငတ်စေရန်လည်းကောင်း၊ ဤတွင်းသို့ရေခပ်မလာရစေရန်လည်းကောင်း၊ ထိုရေကို သနားတော်မူပါဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။Judson Bible15 မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ထိုအမျိုးသမီးက “အရှင်၊ ကျွန်မသည် ရေမငတ်စေရန်နှင့် ဤနေရာသို့လာ၍ ရေမခပ်ရလေအောင် ထိုရေကို ကျွန်မအားပေးတော်မူပါ”ဟု လျှောက်လျှင် အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 အမျိုးသမီးက “သခင်… ထိုရေကို ကျွန်မအား ပေးတော်မူပါ။ သို့ဖြစ်လျှင် ကျွန်မသည်လည်း နောက်ထပ် ရေငတ်တော့မည်မဟုတ်ပါ။ ဤနေရာသို့ လာ၍ ရေခပ်ရန်လည်း လိုတော့မည်မဟုတ်ပါ” ဟု လျှောက်၏။ အခန်းကိုကြည့်ပါ။မြန်မာ15 မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-