ရှင်ယောဟန် 10:24 - မြန်မာ ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြ၏။- Common Language Bible ထိုအခါလူတို့သည်ကိုယ်တော်ကိုဝန်းရံလျက် ``သင်သည်အဘယ်မျှကြာအောင်အကျွန်ုပ်တို့ အားစိတ်ဒွိဟဖြစ်စေပါမည်နည်း။ အကယ်၍ သင်သည်မေရှိယဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတည့်အလင်းပြောပါလော့'' ဟုဆိုကြ၏။ Garrad Bible ယုဒလူမျိုးတို့ဝိုင်းလာ၍ ငါတို့၌မည်မျှကြာစိတ်ဒွိဟဖြစ်ကြစေမည်နည်း။ သင်သည်ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြသော်၊ Judson Bible ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဝိုင်းရံလျက် “သင်သည် အကျွန်ုပ်တို့၏စိတ်ကို မည်မျှကြာအောင် ဒွိဟဖြစ်စေမည်နည်း။ သင်သည် ခရစ်တော်မှန်လျှင် အကျွန်ုပ်တို့အား အတိအလင်းပြောပါ”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးလူမျိုးတို့သည် ယေရှုထံတော်သို့ စုဝေးလာ၍ “သင်သည် မည်မျှကြာသည်အထိ ငါတို့ကို ဝေခွဲဆုံးဖြတ်ရခက်စေမည်နည်း။ အကယ်၍ သင်သည် ခရစ်တော်မှန်လျှင် ငါတို့ကို အတိအလင်းပြောပါ” ဟု ဆိုကြ၏။ |
ထိုသို့ အတည့်အလင်း ပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍ အပြစ်တင်သောစကားကို လျှောက်သော်၊-
လူများတို့သည် မျှော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည် မမှန်သည်ကို နှလုံးထဲမှာ တွေးတောဆင်ခြင်ကြစဉ်၊-
ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊-
ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ တစ်ဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။-
ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။-
ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အား အတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။-
ထိုသူတို့ကလည်း သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။-
ငါတို့အဘအာဗြဟံထက် သင်သည် သာ၍ကြီးမြတ်သလော။ သူသည်သေပြီ။ ပရောဖက်တို့လည်း သေကြပြီ။ သင်သည်အဘယ်သို့သောသူ၏အယောင်ကို ဆောင်သနည်းဟု ဆိုကြ၏။-
ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားဇရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်နှင့်ကြပြီ။-