လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်ပါသည်ဟု ညွတ်ပျပ်၍ လျှောက်ကြ၏။
ရှင်မာကု 3:11 - မြန်မာ ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကို မြင်သောအခါ ပျပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။- Common Language Bible ညစ်ညမ်းသောနတ်များသည်ကိုယ်တော်ကို မြင်သောအခါ ရှေ့တော်၌ပျပ်ဝပ်၍ ``အရှင် သည်ဘုရားသခင်၏သားတော်ဖြစ်သည်'' ဟုဟစ်အော်ကြ၏။ Garrad Bible နတ် ဆိုး များ လည်း ကိုယ် တော် ကို မြင် သော် ပျပ် ဝပ်၍ ကိုယ် တော် သည် ဘု ရား သ ခင့် သား တော် တည်း ဟု ဟစ် ကြ သ ဖြင့်၊ Judson Bible ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကို မြင်သောအခါ ပျပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်ကြသောအခါ ရှေ့တော်၌ပျပ်ဝပ်လျက် “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နတ်ဆိုးပူးသော သူတို့သည် ကိုယ်တော်ကို တွေ့မြင်သည့် အခါတိုင်း ရှေ့တော်၌ ဝပ်တွားခယလျက် “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ပါ၏” ဟု ဟစ်အော်ကြ၏။ |
လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်ပါသည်ဟု ညွတ်ပျပ်၍ လျှောက်ကြ၏။
ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့် ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။-
ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည် ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ သူတို့သည်သင့်ကို လက်နှင့် မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။-
ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန်မရောက်မီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှာ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။-
နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို နှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော်၊-
နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျက် လူများမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြောစေခြင်းငှာ မြစ်တားတော်မူ၏။
ကိုယ်တော်ကိုမြင်လျှင် ပျပ်ဝပ်၍၊ အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။-