Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 4:41 - မြန်မာ

41 နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

41 နတ်​မိစ္ဆာ​များ​သည် ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​၏'' ဟု​ဟစ်​အော်​လျက်​မိ​မိ​တို့ ပူး​ဝင်​နေ​သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​များ​ထို​သို့​ဟစ်​အော် သည်​ကို​ဟန့်​တား​တော်​မူ​ပြီး​လျှင် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ကိုယ်​တော်​မေ​ရှိ​ယ​ဖြစ် ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 နတ် အ များ တို့ လည်း ကိုယ် တော် သည် ဘု ရား သ ခင့် သား တော် တည်း ဟု ဟစ် လျက် ပူး ကပ် သူ တို့ အ ထဲ မှ ထွက် ခွာ ကြ ရာ ခ ရစ် တော် ဖြစ် ကြောင်း သိ ကြ သ ဖြင့် ပြော ဆို ခွင့် မ ပြု ဘဲ ဆုံး မ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 နတ်ဆိုး​တို့​က​လည်း “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​လျက် လူ​များစွာ​တို့​အထဲမှ ထွက်သွား​ကြ​၏။ ကိုယ်တော်​သည် ခရစ်တော်​ဖြစ်​ကြောင်း ထို​နတ်ဆိုး​တို့​သိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဆုံးမ​၍ သူ​တို့​အား စကား​ပြော​ခွင့်​ပေး​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

41 နတ်ဆိုးတို့​ကလည်း “အရှင်​သည် ဘုရားသခင်​၏​သားတော် ဖြစ်ပါသည်” ဟု အော်ဟစ်​လျက် လူ​များစွာ​ထံမှ ထွက်သွားကြ၏။ ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း​ကို ထို​နတ်ဆိုးတို့​သိမြင်ကြ​သဖြင့် ယေရှု​သည် သူတို့​ကို​ဆုံးမ​၍ စကားပြောခွင့် ပေးတော်မမူပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 4:41
14 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊-


ထို​အ​ခါ စုံ​စမ်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင်၊ ဤ​ကျောက်​ခဲ​တို့​ကို မုန့် ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-


ညဉ့်​ဦး​ယံ၌ နတ်​ဆိုး​စွဲ​သော​သူ​အ​များ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍ နှုတ်​တော်​မြွက်​ကာ​မျှ​နှင့် ထို​နတ်​တို့​ကို နှင်​ထုတ်​တော်​မူ၏။ နာ​သော​သူ​ရှိ​သ​မျှ​တို့​ကို သက်​သာ​စေ​တော်​မူ၏။-


ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​ရောက်​မီ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​သ​လော​ဟု အော်​ဟစ်၍​လျှောက်​ကြ၏။-


ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊-


နေ​ဝင်၍ ည​အ​ချိန်​ရောက်​လျှင်၊ မ​ကျန်း​မ​မာ​သော​သူ​နှင့် နတ်​ဆိုး​စွဲ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊-


အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​စွဲ​သော​သူ​များ​တို့​ကို သက်​သာ​စေ​တော်​မူ၏။ နတ်​ဆိုး​များ​တို့​ကို​လည်း နှင်​ထုတ်​တော်​မူ၏။ နတ်​ဆိုး​တို့​သည် ကိုယ်​တော်​ကို သိ​ကြ​သော​ကြောင့်၊ စ​ကား​တစ်​ခွန်း​ကို​မျှ ပြော​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။


ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို မြင်​သော​အ​ခါ ပျပ်​ဝပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ဟု ဟစ်​ကြော်​ကြ၏။-


ကိုယ်​တော်​သည် ထို​မိန်း​မ၏ အ​နား​မှာ​ရပ်၍ ဖျား​နာ​ကို ဆုံး​မ​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ချက်​ချင်း​ထ၍ ဧည့်​သည်​ဝတ်​ကို​ပြု​လေ၏။


ယေ​ရှု​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို သင်​တို့​သည် ယုံ​မည်​အ​ကြောင်း၊ ထို​သို့​ယုံ၍ နာ​မ​တော်​အား​ဖြင့် အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ ဤ​မျှ​လောက် ရေး​ထား​လျက် ရှိ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ