Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 8:28 - မြန်မာ

28 ကိုယ်​တော်​ကို​မြင်​လျှင် ပျပ်​ဝပ်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​သူ​သည်​အော်​ဟစ်​ပြီး လျှင်​ရှေ့​တော်​မှာ​ပျပ်​ဝပ်​လျက် ``အ​မြင့်​မြတ်​ဆုံး သော​ဘု​ရား​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်'' ဟု ကျယ်​စွာ​လျှောက်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28-29 ထို သူ ကား ကြိမ်​ဖန် များ စွာ နတ် ဖမ်း စား သ ဖြင့် သံ ကြိုး များ၊ ခြေ ချင်း များ နှင့် တုတ် နှောင် စောင့် ကြပ် ကြ သော် လည်း အ တုပ် အ နှောင် ကို ချိုး ဖြတ်၍ နတ် လွှင့် ရာ တော သို့ သွား ရ သ တည်း။ သူ သည် ယေ ရှု ကို မြင် သော် အော် ဟစ် ပျပ် ဝပ် လျက် နတ် ဆိုး ထွက် ခွာ စေ ရန် မိန့် မှာ တော် မူ သော ကိုယ် တော် အား မြင့် မြတ် သော ဘု ရား သ ခင့် သား တော် ယေ ရှု၊ ကိုယ် တော် သည် အ ကျွန်ုပ် နှင့် မည် သို့ ဆိုင် သ နည်း။ အ ကျွန်ုပ် ကို မ ညှဥ်းပန်း စေ ရန် တောင်း ပန် ပါ သည် ဟု ကျယ် စွာ လျှောက် ထား လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ကိုယ်​တော်​ကို​မြင်​လျှင် ပျပ်​ဝပ်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သူ​သည် ယေရှု​ကို​မြင်​လျှင် အော်ဟစ်​လျက် ရှေ့​တော်​၌​ပျပ်ဝပ်​ကာ “အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ် မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ကိုယ်တော်​ကို အကျွန်ုပ်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် လျှောက်ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထို​သူ​သည် ယေရှု​ကို မြင်​လျှင် ရှေ့တော်​၌ ဝပ်တွားခယလေ၏။ ထို့နောက် ကျယ်လောင်သော​အသံ​ဖြင့် အော်ဟစ်​လျက် “အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​သားတော်​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်​နှင့် မည်သို့​ဆိုင်သနည်း။ အကျွန်ုပ်​ကို ညှဉ်းဆဲတော်မမူ​ရန် တောင်းပန်ပါ၏” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:28
14 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​ရောက်​မီ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​သ​လော​ဟု အော်​ဟစ်၍​လျှောက်​ကြ၏။-


ယေ​ရှု​သည် ကုန်း​ပေါ်​သို့ တက်​တော်​မူ​လျှင်၊ ကာ​လ​တာ​ရှည်​စွာ နတ်​ဆိုး​စွဲ​သ​ဖြင့် အ​ဝတ်​ကို​မ​ဝတ်၊ အိမ်၌​မ​နေ၊ သင်္ချိုင်း​တ​စ​ပြင်၌​နေ​တတ်​သော ဂါ​ဒ​ရ​ပြည်​သား​တစ်​ယောက်​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို ပြု​လေ၏။-


လျှောက်​သည်​အ​ကြောင်း​ကား၊ နတ်​ဆိုး​သည် ထို​လူ​ကို အ​ဖန်​များ​စွာ​ဖမ်း​ဆီး​လှ​ပြီ။ ခြေ​ချင်း​သံ​ကြိုး​နှင့် အ​ကျဉ်း​ထား​သော်​လည်း ခြေ​ချင်း​သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ နတ်​ဆိုး​သည် တော​အ​ရပ်​သို့ နှင်​မြဲ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သည်​ထောက်၍၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ