တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်ထံသို့သံ တမန်များကိုစေလွှတ်လေ၏။ နန်းတော်တည် ဆောက်ရန်အတွက်သစ်ကတိုးသစ်၊ လက်သမား နှင့်ပန်းရန်ဆရာများကိုလည်းပေးပို့လိုက်၏။-
၂ ရာချုပ် 2:3 - Common Language Bible ရှောလမုန်သည်တုရုဘုရင်ဟိရံထံသို့ သံတမန်စေလွှတ်၍``အဆွေတော်သည်အကျွန်ုပ် ၏ခမည်းတော်ဒါဝိဒ်အားနန်းတော်ဆောက်လုပ် ရန်အတွက်သစ်ကတိုးသားများကိုရောင်း ချပေးခဲ့သည့်နည်းတူကျွန်ုပ်နှင့်လည်းကုန် သွယ်မှုကိုပြုပါလော့။- Garrad Bible တု ရု ဘု ရင် ဟု ရံ မင်း ထံ ရာ ဇ သံ စေ လွှတ် သည် ကား အ ကြည် တော် သည် ခ မည်း တော် ဒါ ဝိဒ် မင်း အား နန်း တော် ဆောက် ရန် သစ် က တိုး သစ် ကို ပေး ခဲ့ သည့် နည်း တူ ကျွန်ုပ် အား လည်း ပေး ပါ ဦး လော့။ Judson Bible တုရုမင်းကြီးဟိရံထံသို့ စေလွှတ်၍၊ မင်းကြီးသည် ငါ့အဘဒါဝိဒ်၏ နန်းတော်ဆောက်စရာဖို့ အာရဇ်သစ်သားကို ပေးလိုက်သည်နည်းတူ ငါ၌တစ်ဖန် ကျေးဇူးပြုပါလော့။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ရှောလမုန်မင်းကြီးသည် တိုင်ရာဘုရင်ဟုရံမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးအား သူစံမြန်းရာနန်းတော်ကိုဆောက်လုပ်ရန်အတွက် သစ်ကတိုးသားများကို အရှင်မင်းကြီးပို့ပေးခဲ့သည့်နည်းတူ အကျွန်ုပ်ထံသို့လည်း ပို့ပေးပါလော့။ |
တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်ထံသို့သံ တမန်များကိုစေလွှတ်လေ၏။ နန်းတော်တည် ဆောက်ရန်အတွက်သစ်ကတိုးသစ်၊ လက်သမား နှင့်ပန်းရန်ဆရာများကိုလည်းပေးပို့လိုက်၏။-
တုရုမြို့မှဟိရံမင်းသည်ဒါဝိဒ်ထံသို့ကုန်သွယ် ရေးသံတမန်အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ကာ နန်း တော်တည်ဆောက်ရန်အတွက်အာရဇ်သစ်များ နှင့်တကွ လက်သမားများ၊ ပန်းရံများကို ပေးပို့လိုက်၏။-
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။-
ရှောလမုန်မင်းသည်ဗိမာန်တော်အတွက် ရွှေ ဖြင့်ပြီးသောအသုံးအဆောင်များကိုပြု လုပ်စေတော်မူ၏။ ထိုအရာများမှာရွှေယဇ် ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲများ၊-
သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။-
ထိုစာလိပ်တွင်``ကုရုဘုရင်သည်မိမိနန်းစံပထမနှစ်၌ယဇ်များကိုပူဇော်ရန်နှင့် ပူဇော်သကာများကိုမီးရှို့ရန်ဌာနတော်အဖြစ်ဖြင့် ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရမည်ဟုအမိန့်တော်ရှိ၏။ ဗိမာန်တော်သည်အမြင့်ပေကိုးဆယ်နှင့်အချင်းပေကိုးဆယ်ရှိရမည်။-
ပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်များဖြစ်ကြသောငါတို့သည် ပညတ်ကျမ်းအရငါတို့ဘုရားသခင် ထာဝရဘုရားအားယဇ်များကိုမီးရှို့ ပူဇော်ရန်အတွက် လိုအပ်သည့်ထင်းများကို အဘယ်သားချင်းစုတို့ကဆောင်ခဲ့ရကြ မည်ကိုနှစ်စဉ်နှစ်တိုင်းမဲချဆုံးဖြတ်ကြ ပါမည်။
ပဋိညာဉ်သေတ္တာ၏အရှေ့တွင်စားပွဲကိုထား ရမည်။ ထိုစားပွဲပေါ်မှာရှေ့တော်တင်မုန့်အမြဲ ရှိစေရမည်။
``ယဇ်ပလ္လင်ပေါ်တွင်နေ့စဉ်မပြတ်တစ်နှစ် သားသိုးကလေးနှစ်ကောင်ကိုပူဇော်ရမည်။-
ညနေတွင်ဒုတိယသိုးကိုပူဇော်လော့။ နံ နက်တွင်ပူဇော်သောမုန့်ညက်၊ သံလွင်ဆီ၊ စပျစ် ရည်အခြင်အတွယ်အတိုင်း၊ ညနေ၌လည်း ပူဇော်လော့။ ဤသည်ကားငါထာဝရဘုရား နှစ်သက်တော်မူသောမွှေးကြိုင်သည့်ပူဇော် သကာဖြစ်၏။-
အာရုန်သည်နံနက်တိုင်းမီးခွက်များကိုပြင် သောအခါ၊ ပလ္လင်ပေါ်တွင်နံ့သာပေါင်းကို မီးရှို့ပူဇော်ရမည်။-
ထို့နောက်သူသည်ဘောဇဉ်သကာထဲမှမုန့် ညက်လက်တစ်ဆုပ်စာကိုယူ၍ ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်သည်။ (နေ့စဉ်မီးရှို့ပူဇော် သောယဇ်အပြင်ထပ်ဆင့်ပူဇော်ခြင်းဖြစ် သည်။-)
လဆန်းတစ်ရက်နေ့တိုင်းထာဝရဘုရား အား အပြစ်အနာကင်းသောနွားထီးပျိုနှစ် ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ ပူဇော်ရမည်။-
ဥပုသ်နေ့တွင်အပြစ်အနာကင်းသောတစ် နှစ်သားအရွယ်သိုးထီးနှစ်ကောင်၊ သံလွင်ဆီ နှင့်ဂျုံမုန့်ညက်လေးပေါင်ကိုရောနယ်ထား သောဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ကို ပူဇော်ရမည်။-