၂ ရာချုပ် 10:14 - Common Language Bible လူငယ်တို့အကြံပေးသည့်အတိုင်းပြည်သူ တို့အား``ငါ့ခမည်းတော်သည်သင်တို့အပေါ် လေးလံသောထမ်းပိုးကိုတင်၏။ ငါမူကား ထိုထက်ပင်ပိုလေးလံသောထမ်းပိုးကိုတင် အံ့။ သူသည်သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟုခက်ထန် စွာမိန့်တော်မူ၏။- Judson Bible ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း လူငယ်တို့ပေးသောအကြံအတိုင်း ထိုသူတို့အား “ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်”ဟု ပြန်ပြော၏။ |
မင်းကြီးသည်ဤသို့ပြည်သူတို့၏စကား ကိုနားမထောင်ဘဲနေခြင်းမှာ ပရောဖက် အဟိယအားဖြင့်နေဗတ်၏သားယေရော ဗောင်အားပေးတော်မူသည့်ဗျာဒိတ်တော် အကောင်အထည်ပေါ်လာစေရန် ထာဝရ အရှင်ဘုရားသခင်အလိုရှိတော်မူသော ကြောင့်ဖြစ်၏။
ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။
ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။
အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။-
သို့သော်အကယ်၍သင်တို့စိတ်နှလုံးတွင် နာကြည်းစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်း စိတ်များရှိလျှင်မိမိဉာဏ်ပညာအတွက် ကြွားဝါပြောဆိုခြင်းအားဖြင့်သမ္မာတရား ကိုမဆန့်ကျင်နှင့်။-
သူတို့၏အမြီးသည်ကင်းမြီးကောက်၏အမြီး နှင့်တူ၍ဆူးရှိ၏။ သူတို့အမြီးတွင်လူတို့အား ငါးလတိုင်တိုင်ဘေးဥပဒ်ရောက်စေနိုင်သော တန်ခိုးရှိ၏။
ထိုမီးခိုးထဲမှကျိုင်းကောင်များထွက်လာပြီး လျှင် ကမ္ဘာမြေကြီးပေါ်သို့ကျကုန်၏။ သူတို့ မှာကင်းမြီးကောက်များကဲ့သို့တန်ခိုးရှိ ကြ၏။-
ထိုသူတို့အားအသေသတ်ပိုင်ခွင့်မရှိ။ ငါးလမျှ သာလျှင်ညှဉ်းဆဲပိုင်ခွင့်ရှိ၏။ ကျိုင်းကောင်အကိုက် ခံရသူတို့သည်ကင်းမြီးကောက်အကိုက်ခံရ သကဲ့သို့နာကျင်စွာဝေဒနာခံရကြလိမ့် မည်။-