ဗျာဒိတ် 9:3 - Common Language Bible3 ထိုမီးခိုးထဲမှကျိုင်းကောင်များထွက်လာပြီး လျှင် ကမ္ဘာမြေကြီးပေါ်သို့ကျကုန်၏။ သူတို့ မှာကင်းမြီးကောက်များကဲ့သို့တန်ခိုးရှိ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ထို မီး ခိုး ထဲ က ကျိုင်း ကောင် များ သည် မြေ ပေါ် သို့ ထွက် လာ လျက် မြေ ကြီး ရှိ ကင်း မြီး ကောက် များ ကဲ့ သို့ တန် ခိုး ရ ပြီး လျှင် သစ် ဝါး ကောက် ပဲ မှ စ၍၊ အခန်းကိုကြည့်ပါ။Judson Bible3 ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍ မြေကင်းမြီးကောက် တန်ခိုးကဲ့သို့သော တန်ခိုးကို ရကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထို့နောက် ထိုမီးခိုးထဲမှ ကျိုင်းကောင်များသည် မြေကြီးပေါ်သို့ထွက်လာကြ၏။ သူတို့အား မြေကြီး၏ကင်းမြီးကောက်တို့၌ရှိသည့် အစွမ်းကဲ့သို့သောအစွမ်းကို ပေးအပ်ထား၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ထို့နောက် မီးခိုးထဲမှ ကျိုင်းကောင်များသည် မြေကြီးပေါ်သို့ ထွက်လာကြ၏။ သူတို့အား ကမ္ဘာမြေပေါ်ရှိ ကင်းမြီးကောက်အစွမ်းကဲ့သို့သော အစွမ်းကို ပေးထား၏။ အခန်းကိုကြည့်ပါ။ |
``သို့ရာတွင်အချင်းလူသား၊ သင်သည်သူ တို့ကိုသော်လည်းကောင်း၊ သူတို့ပြောဆိုသမျှ သောစကားတို့ကိုသော်လည်းကောင်းမ ကြောက်ရ။ မလန့်နှင့်သင့်အားသူတို့သည် ဆူးပင်များကဲ့သို့ဝိုင်းရံကြလိမ့်မည်။ သင် သည်ကင်းမီးကောက်တောတွင်နေရဘိသကဲ့ သို့ဖြစ်လိမ့်မည်။ သူတို့သည်ထိုပုန်ကန်တတ် သူများဖြစ်သောကြောင့်တည်း။-