ဘုရားသခင်က``ထိုသူတို့သည်အဘယ်သို့ သောလူမျိုးဖြစ်သည်ကို နောင်အခါအစဉ် သက်သေခံအမှတ်အသားရရှိစေရန် စာ စောင်တစ်ခုတွင်ရေးမှတ်၍ထားလော့'' ဟု ငါအားစေခိုင်းတော်မူပါ၏။-
ဟဗက္ကုတ် 2:2 - Common Language Bible ထာဝရဘုရားသည်``သင့်အားငါဖွင့်လှစ်ဖော်ပြသည့်အကြောင်းအရာများကိုအလွယ်တကူဖတ်ရှုနိုင်ရန် သင်ပုန်းပေါ်တွင်ရေးမှတ်လော့။ ထင်ရှားပြတ်သားစွာရေးမှတ်လော့။- Garrad Bible ကင်း စင် ပေါ် တွင် ရပ် တန့် လျက် ငါ ရှိ စဉ်၊ ထာ ဝ ရ ဘု ရား က၊ ရူ ပါ ရုံ ဗျာ ဒိတ် တော် ကို အ သော့ ဖတ် ရွတ် နိုင် စေ ခြင်း ငှာ၊ သင် ပုန်း တွင် ရှင်း လင်း စွာ အ က္ခ ရာ တင် လော့။ Judson Bible ထာဝရဘုရားကလည်း၊ ဖတ်သောသူသည် ပြေးလျက် ဖတ်နိုင်အောင်၊ ဗျာဒိတ်ရူပါရုံကို သင်ပုန်းပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက ငါ့အား “ဤဗျာဒိတ်နိမိတ်ကို ရေးမှတ်ထားလော့။ ဖတ်သောသူသည် အပြေးအလွှားဖတ်နိုင်မည့်အကြောင်း ကျောက်ပြားပေါ်တွင် ရှင်းလင်းစွာရေးသားလော့။ |
ဘုရားသခင်က``ထိုသူတို့သည်အဘယ်သို့ သောလူမျိုးဖြစ်သည်ကို နောင်အခါအစဉ် သက်သေခံအမှတ်အသားရရှိစေရန် စာ စောင်တစ်ခုတွင်ရေးမှတ်၍ထားလော့'' ဟု ငါအားစေခိုင်းတော်မူပါ၏။-
ထာဝရဘုရားသည်ငါ့အား``စာရေးသင်ပုန်း ကြီးတစ်ခုကိုယူ၍`မြန်မြန်တိုက်၊ မြန်မြန်လု' ဟူသည့်စကားရပ်ကိုစာလုံးကြီးကြီးနှင့် ရေးမှတ်လော့။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``သင့်ကိုငါမိန့်တော်မူ သမျှသောစကားတို့ကိုစာစောင်တွင်ရေး မှတ်၍ထားလော့။-
ထိုသူက``အချင်းဒံယေလ၊ သင်သည်ဤစာ စောင်ကိုပိတ်၍ ကမ္ဘာကုန်ဆုံးချိန်တိုင်အောင် တံဆိပ်ခတ်နှိပ်ထားလော့။ ဤအတောအတွင်း ၌လူအများပင်ဖြစ်ပျက်နေဆဲအမှု အရာတို့ကိုသိရှိနားလည်နိုင်ရန် အချည်း နှီးကြိုးစားအားထုတ်ကြလိမ့်မည်'' ဟု ဆို၏။
ဗာဗုလုန်ရှင်ဘုရင်၊ ဗေလရှာဇာမင်းနန်းစံပထမနှစ်၌ ငါသည်ညဥ့်အခါအိပ်မက်တွင်ဗျာဒိတ်ရူပါရုံတစ်ခုကိုမြင်ရ၏။ ထိုအိပ်မက်၏အကြောင်းကိုငါသည်ဤသို့မှတ်တမ်းရေးထားသတည်း။
ကျမ်းစာတော်တွင်ရေးသားဖော်ပြထားသမျှ သောအရာတို့သည် ငါတို့အားသွန်သင်ဆုံးမရန် အတွက်ဖြစ်၏။ ယင်းသို့ရေးသားဖော်ပြရခြင်း မှာငါတို့သည်ကျမ်းစာတော်မှရရှိသည့် သည်းခံ မှုနှင့်နှစ်သိမ့်မှုတို့အားဖြင့်မိမိတို့၌မျှော်လင့် ခြင်းရရှိနိုင်ကြစေရန်ပင်ဖြစ်၏။-
သို့သော်ပရိသတ်ဝတ်ပြုခြင်းတွင်ထူးဆန်းသော ဘာသာစကားအခွန်းပေါင်းအထောင်အသောင်း ထက်သွန်သင်ရန်နားလည်နိုင်သည့်စကားငါး ခွန်းမျှကိုပို၍ငါပြောဆိုလို၏။
မိတ်သဟာယယဇ်များကိုလည်းပူဇော်၍ စားရကြမည်။ သင်၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ အင်္ဂတေလိမ်းကျံထားသောကျောက် တုံးများပေါ်တွင်ဘုရားသခင်၏ပညတ် တော်အားလုံးကို သေချာစွာရေးသား ထားလော့'' ဟုပြောဆို၏။
သင်သည်ယခုဤသီချင်းကိုရေးသားလော့။ ယင်းသီချင်းသည်ဣသရေလအမျိုးသား တို့တစ်ဘက်၌ ငါ၏သက်သေဖြစ်စေခြင်း ငှာထိုသီချင်းကိုသူတို့အားသင်ပေး လော့။-
ထိုနေ့တွင်မောရှေသည်ထိုသီချင်းကိုရေး သား၍ ဣသရေလအမျိုးသားတို့အား သင်ပေးလေသည်။
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုနောက်ကောင်းကင်တမန်က``သိုးသူငယ်တော် ၏ထိမ်းမြားမင်္ဂလာပွဲသို့ဖိတ်ခေါ်ခြင်းခံရသူ တို့သည်မင်္ဂလာရှိကြ၏ဟုရေးမှတ်ထားလော့'' ဟူ၍လည်းကောင်း``ဤစကားသည်ဘုရားသခင် ၏နှုတ်တော်ထွက်စကားပင်ဖြစ်၏'' ဟူ၍လည်း ကောင်းငါ့အားမြွက်ဆို၏။