သေစေတတ်သောအနာရောဂါကြောင့်လူ သည်ဆုံးပါးပျက်စီးသွားရသည်နည်းတူ စိမ်းလန်းစိုပြေသောသစ်တောများနှင့်လယ် ယာများသည်လုံးဝပျက်ပြုန်း၍သွားရ ကြလိမ့်မည်။-
ဟေရှာယ 32:19 - Common Language Bible (သစ်တောများအပေါ်သို့မိုးသီးများကျ လိမ့်မည်။ မြို့သည်လည်းပြိုပျက်၍သွားလိမ့် မည်။-) Garrad Bible သို့ ရာ တွင် မိုး သီး ကျ သ ဖြင့်၊ တော ပိတ် ပေါင်း ရှင်း လင်း၍၊ မြို့ လည်း ပြို ပျက် နှင့် လိမ့် မည်။ Judson Bible သို့ရာတွင်၊ မိုးသီးကျသဖြင့် တောအုပ်ကိုလှဲ၍၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း မိုးသီးကျ၍ တောအုပ်သည် ပြိုလဲသွားမည်။ မြို့သည် မြေနှင့်တစ်ညီတည်းပြိုကျပျက်စီးသွားမည်။ |
သေစေတတ်သောအနာရောဂါကြောင့်လူ သည်ဆုံးပါးပျက်စီးသွားရသည်နည်းတူ စိမ်းလန်းစိုပြေသောသစ်တောများနှင့်လယ် ယာများသည်လုံးဝပျက်ပြုန်း၍သွားရ ကြလိမ့်မည်။-
သစ်ပင်များအနည်းငယ်မျှသာကျန်ရှိ တော့မည်ဖြစ်၍ ယင်းတို့ကိုကလေးသူငယ် ပင်လျှင်ရေတွက်၍ကြည့်နိုင်လိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။-
မြို့တွင်း၌အစစအရာရာကစင့်ကလျား ဖြစ်လျက်နေ၏။ လူတို့မဝင်နိုင်ရန်အိမ်တိုင်း ကိုလည်းပိတ်ထားကြ၏။-
မြို့သည်ပျက်စီးယိုယွင်းလျက်ကျန်ခဲ့၏။ မြို့တံခါးများသည်လည်းကျိုးပျက်၍ သွားလေပြီ။-
ကိုယ်တော်ရှင်သည်မြို့များကိုယိုယွင်းပျက်စီးလျက် နေစေတော်မူ၍၊ မြို့တံတိုင်းတို့ကိုလည်းဖြိုဖျက်တော်မူပါပြီ။ ကျွန်တော်မျိုးတို့ရန်သူများတည်ဆောက်ခဲ့သည့် နန်းတော်များသည် ထာဝစဉ်ကွယ်ပျောက်၍သွားလေပြီ။
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
ကိုယ်တော်သည်မာန်မာနကြီးသူတို့ကို ရှုတ်ချတော်မူပြီးလျှင်၊ သူတို့နေထိုင်ရာခိုင်ခန့်သည့်မြို့ကို ဖျက်ဆီးတော်မူ၍၊ မြို့ရိုးများကိုဖုတ်ထဲသို့ပြိုကျစေတော်မူလေပြီ။
ခိုင်ခံ့စွာတန်တိုင်းကာရံထားသည့်မြို့သည် ပျက်စီးယိုယွင်းလျက်ရှိ၏။ ထိုမြို့သည်လူသူ မရှိသည့်တောကန္တာရကဲ့သို့ဆိတ်ငြိမ်၍နေ၏။ ယင်းသည်ကျွဲနွားတို့အစာစားနားနေရာ စားကျက်ဖြစ်လေပြီ။-
ထိုအုတ်မြစ်အတွက်တရားမျှတမှုကို တံမျဉ်းကြိုး၊ ရိုးသားဖြောင့်မှန်မှုကိုချိန် သီးကြိုးအဖြစ်အသုံးပြုမည်။ ထိုကြောင့်ငါသည်မိုးသီးမုန်တိုင်းသဖွယ် သင်တို့၏အမှီသဟဲဖြစ်သည့်လိမ်လည် မှုများကို သိမ်းကျုံးဖယ်ရှားကာမြစ်လျှံ ရေကဲ့သို့ သင်တို့၏လုံခြုံမှုကိုလည်းလွှမ်း မိုးပျက်ပြားစေတော်မူမည်။
ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် စေရန် တန်ခိုးခွန်အားကြီးမားသူတစ်ဦး ကိုအသင့်ထားရှိတော်မူ၏။ ထိုသူသည် မိုးသီးမုန်တိုင်းကဲ့သို့လည်းကောင်း၊ အဟုန် ပြင်းသည့်မိုးကဲ့သို့လည်းကောင်း၊ ထိန်းချုပ် ၍မရနိုင်သည့်မြစ်လျှံရေကဲ့သို့လည်း ကောင်း တစ်ပြည်လုံးကိုလွှမ်းခြုံနှိမ်နင်း ပစ်လိမ့်မည်။-
ယေရုရှလင်မြို့သည်မြေသင်္ချိုင်းတွင်း၌ စကားပြောရန် ရုန်းကန်အားထုတ်လျက်နေ သည့်တစ္ဆေနှင့်တူလိမ့်မည်။ ထိုမြို့၏အသံ သည်လည်းဖုတ်တောထဲမှ မပီမသထွက် ပေါ်လာသောတိုးညှင်းသောအသံဖြစ် လိမ့်မည်။
ထာဝရဘုရားသည်လူအပေါင်းတို့အား အာနုဘော်တော်နှင့်ပြည့်ဝသည့်အသံတော် ကိုကြားစေတော်မူ၍ မိမိ၏အမျက်တော် အရှိန်ကိုခံစားစေတော်မူလိမ့်မည်။ မီး တောက်မီးလျှံများ၊ မိုးထစ်ချုန်းမှု၊ မိုးသီး များကျမှုနှင့်သည်းထန်စွာမိုးရွာသွန်း မှုကိုဖြစ်ပွားစေတော်မူလိမ့်မည်။-
သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် အမြင့်ဆုံးတောင်များကိုလည်းကောင်း၊ လေ ဗနုန်တောင်ထိပ်များကိုပင်လည်းကောင်းနှိမ် နင်းအောင်မြင်ခဲ့ကြောင်း ငါ့အားကြွားဝါရန် သံတမန်များကိုစေလွှတ်ခဲ့၏။ ထိုအရပ် ရှိအမြင့်ဆုံးအာရဇ်ပင်များနှင့်အလှဆုံး ထင်းရှူးပင်များကိုခုတ်လှဲကာ၊ တောနက် ကြီးများသို့ရောက်ရှိခဲ့ကြောင်းကြွားဝါ ခဲ့၏။-
ဤအကြောင်းအရာသည်နိနေဝေမြို့နှင့် ပတ်သက်သည့်ဗျာဒိတ်တော်ဖြစ်၍ ဧလ ကောရှရွာသားနာဟုံတွေ့မြင်ရသည့် ဗျာဒိတ်ရူပါရုံအကြောင်းပင်ဖြစ်ပေ သည်။
ကိုယ်တော်သည်အရှိန်ပြင်းစွာလွှမ်းမိုးသည့် မြစ်ရေကဲ့သို့ရန်သူတို့အားဆုံးပါး ပျက်စီးစေတော်မူ၏။ မိမိကိုအတိုက်အခံပြုသူတို့အား သေရွာသို့ ပို့ဆောင်တော်မူ၏။
အို ထင်းရှူးပင်တို့ငိုကြွေးမြည်တမ်းကြလော့။ သစ်ကတိုးပင်များသည်ပြိုလဲကြလေပြီ။ ကြက်သရေဆောင်သည့်ထိုအပင်တို့သည် ပျက်ပြုန်း၍သွားလေပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့ငိုကြွေး မြည်တမ်းကြလော့။ ထူထပ်သည့်သစ်တောကိုခုတ်လှဲလိုက်ကြ လေပြီ။
မိုးသည်းထန်စွာရွာ၍မြစ်ရေလျှံကာမုန်တိုင်းထန် လျက် ထိုအိမ်ကိုတိုက်ခတ်သော်လည်းထိုအိမ်သည် ကျောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲချေ။-
ထိုနောက်ခွန်အားကြီးသောကောင်းကင်တမန် တစ်ပါးသည်ကြိတ်ဆုံကျောက်ကြီးခန့်ရှိသော ကျောက်တုံးတစ်ခုကိုယူ၍ပင်လယ်ထဲသို့ပစ် ချလိုက်ပြီးလျှင်``ဗာဗုလုန်မြို့ကြီးသည်ဤသို့ ပစ်ချခြင်းကိုခံရလိမ့်မည်။ နောက်တစ်ဖန်ထို မြို့ကိုပြန်၍တွေ့မြင်ကြရလိမ့်မည်မဟုတ်။-
ပထမကောင်းကင်တမန်တံပိုးခရာကို မှုတ်လိုက်သောအခါသွေးနှင့်ရောနှောနေ သောမီးနှင့်မိုးသီးတို့သည်မြေပေါ်သို့ ကျကုန်၏။ ကမ္ဘာမြေကြီး၏သုံးပုံတစ်ပုံ၊ သုံးပုံတစ်ပုံသောသစ်ပင်၊ စိမ်းစိုသောမြက် ရှိသမျှတို့သည်လောင်ကျွမ်းလေ၏။