Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 18:21 - Common Language Bible

21 ထို​နောက်​ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​သည်​ကြိတ်​ဆုံ​ကျောက်​ကြီး​ခန့်​ရှိ​သော ကျောက်​တုံး​တစ်​ခု​ကို​ယူ​၍​ပင်​လယ်​ထဲ​သို့​ပစ် ချ​လိုက်​ပြီး​လျှင်``ဗာ​ဗု​လုန်​မြို့​ကြီး​သည်​ဤ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန်​ထို မြို့​ကို​ပြန်​၍​တွေ့​မြင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 တစ် ဖန် ခွန် အား ကြီး သော စေ တ မန် တော် တစ် ပါး သည် ကြိတ် ဆုံ ကြီး ခန့် ရှိ ကျောက် တစ် လုံး ကို ယူ၍ သ မု ဒ္ဒ ရာ ထဲ သို့ ပစ် ချ ပြီး လျှင် ဗာ ဗု လုန် မြို့ ကြီး ကို ဤ သို့ ပြင်း ထန် စွာ ပစ် ချ သ ဖြင့် တွေ့ တော့ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ခွန်​အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကြီး​စွာ​သော ကြိတ်​ဆုံ​ကျောက်​ကဲ့​သို့​သော ကျောက်​ကို ချီ​ယူ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ပြီး​လျှင် ထို​နည်း​တူ၊ ဗာ​ဗု​လုန်​မြို့​ကြီး​ကို ပြင်း​ထန်​စွာ ချ​ပစ်၍ နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထို့နောက် ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကြီးမား​သည့်​ကြိတ်ဆုံ​ကဲ့သို့သော​ကျောက်တုံး​တစ်​တုံး​ကို​ချီယူ​၍ ပင်လယ်​ထဲသို့​ပစ်ချ​ကာ “ဘေဘီလုံ​မြို့​ကြီး​သည် ဤကဲ့သို့ ကြမ်းတမ်း​စွာ​ပစ်ချ​ခြင်း​ကို​ခံရ​၍ လုံးဝ​တွေ့​ရ​တော့​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထို့နောက် တန်ခိုးကြီးသော​ကောင်းကင်တမန်​တစ်ပါး​သည် ကြိတ်ဆုံကျောက်​ကဲ့သို့သော ကျောက်တုံးကြီး​တစ်တုံး​ကို ယူ​၍ ပင်လယ်​ထဲသို့ ပစ်ချလိုက်​ပြီးလျှင် “ဘေဘီလုံမြို့ကြီး​သည် ဤ​ကဲ့သို့​ပင် ပြင်းထန်​စွာ ပစ်ချခံရပြီး မည်သည့်​အခါ​မျှ တွေ့ရတော့မည် မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 18:21
14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပင်​လယ်​ကို​ဖြတ်​၍​လမ်း​ဖောက်​ပြီး​လျှင် သူ​တို့​အား​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ သွား​စေ​တော်​မူ​ပါ​၏။ သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သူ​တို့​ကို​မူ ပင်​လယ်​ရေ​လှိုင်း​တွင် ကျောက်​ခဲ​နစ်​သ​ကဲ့​သို့​ရေ​ထဲ​၌​နစ်​စေ​တော် မူ​ပါ​၏။


သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။


သို့​ရာ​တွင်​နောက်​တစ်​ကြိမ်​ငါ​ဖြတ်​သွား​သော အ​ခါ သူ​သည်​ထို​အ​ရပ်​တွင်​မ​ရှိ​တော့​ပြီ။ သူ့​ကို​ရှာ​သော်​လည်း​မ​တွေ့​မ​မြင်​နိုင်​တော့​ပေ။


ပင်​လယ်​ရေ​နက်​က​သူ​တို့​ကို​ဖုံး​အုပ်​လျက် သူ​တို့​သည်​ကျောက်​တုံး​ကဲ့​သို့၊အောက်​သို့ စုံး​စုံး​မြုပ်​ကြ​၏။


ငါ​သည်​သင့်​ကို​ကြောက်​လန့်​ဖွယ်​ရာ​ဇာတ် သိမ်း​ခန်း​ရောက်​ရ​ပေ​တော့​အံ့။ လူ​တို့​သည် ရှာ​သော်​လည်း​သင့်​ကို​တွေ့​ရ​တော့​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား ဖြစ်​၏။


မင်း​ကြီး​သည်​မိ​မိ​၏​နိုင်​ငံ​ရှိ​ခံ​တပ်​သို့​ပြန် သွား​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​အ​ရေး ရှုံး​နိမ့်​ကာ​ကွယ်​ပျောက်​သွား​လိမ့်​မည်။


ထို​နောက်​ကောင်း​ကင်​မှ​ခွန်​အား​ကြီး​မား​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​ဆင်း​သက်​လာ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ကို​ဝတ်​ဆင် ၍​သူ​၏​ဦး​ခေါင်း​ပတ်​လည်​တွင်​သက်​တန့်​ရှိ​၏။ သူ​၏​မျက်​နှာ​သည်​နေ​နှင့်​တူ​၏။ သူ​၏​ခြေ ထောက်​တို့​သည်​မီး​ဖြင့်​ပြီး​သော​တိုင်​များ နှင့်​တူ​၏။-


အ​ရေး​ရှုံး​နိမ့်​သွား​ကြ​၏။ သူ​တို့​သည်​ကောင်း ကင်​တွင်​နေ​ရန်​အ​ခွင့်​မ​ရ​ကြ​တော့​ချေ။-


ကျွန်း​အ​ပေါင်း​တို့​သည်​ပျောက်​လွင့်​သွား​ကုန်​၏။ တောင်​များ​သည်​ကွယ်​ပျောက်​သွား​ကုန်​၏။-


သူ​တို့​သည်​သူ​ခံ​ရ​သ​ကဲ့​သို့​ခံ​ရ​မည်​ကို ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး​မှ​ရပ်​လျက်``တန်​ခိုး ကြီး​သည့်​မြို့၊ ကြီး​မြတ်​သည့်​ဗာ​ဗု​လုန်​မြို့၊ ဖြစ် ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ သင်​သည်​တစ်​နာ​ရီ အ​တွင်း​၌​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။


သင်​၏​ထံ​တွင်​စောင်း​သံ၊ သီ​ချင်း​သံ၊ ပလွေ​သံ၊ တံ​ပိုး ခ​ရာ​သံ​တို့​ကို​နောက်​တစ်​ဖန်​ကြား​ရ​တော့​မည် မ​ဟုတ်။ အ​ဘယ်​အ​လုပ်​သ​မား​မျှ​သင့်​ထံ​တွင် တွေ့​ရ​တော့​မည်​မ​ဟုတ်။ ကြိတ်​ဆုံ​သံ​ကို​လည်း ကြား​ရ​တော့​မည်​မ​ဟုတ်။-


ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-


ထို​နောက်​ခွန်​အား​ကြီး​မား​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​က``အ​ဘယ်​သူ​သည်​တံ​ဆိပ်​များ​ကို​ခွာ ၍​ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​ပါ​သ​နည်း'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​လျက်​နေ​သည်​ကို​ငါ​မြင်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ