Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 11:2 - Common Language Bible

2 အို ထင်း​ရှူး​ပင်​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သစ်​က​တိုး​ပင်​များ​သည်​ပြို​လဲ​ကြ​လေ​ပြီ။ ကြက်​သ​ရေ​ဆောင်​သည့်​ထို​အ​ပင်​တို့​သည် ပျက်​ပြုန်း​၍​သွား​လေ​ပြီ။ အို ဗာ​ရှန်​ဝက်​သစ်​ချ​ပင်​တို့​ငို​ကြွေး မြည်​တမ်း​ကြ​လော့။ ထူ​ထပ်​သည့်​သစ်​တော​ကို​ခုတ်​လှဲ​လိုက်​ကြ လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အို ထင်း ရူး ပင်၊ ထူး မြတ် သော သစ် က တိုး တော လဲ ကျ ပျက် စီး သည့် အ တွက်၊ အော် လော့။ အို ဗာ ရှန် ညန် မြိုင်၊ မ ဝင် နိုင် သော သစ် တော လဲ ကျ သည့် အ တွက်၊ ဟစ် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အို ထင်း​ရှူး​ပင်၊ အာ​ရဇ်​ပင်​လဲ​သော​ကြောင့် မြည်​တမ်း​လော့။ မြတ်​သော​အ​ပင်​တို့​သည် ပျက်​စီး​ကြ​ပြီ။ အို ဗာ​ရှန်​သ​ပိတ်​ပင်​တို့၊ ခိုင်​ခံ့​သော​တော​ကို ခုတ်​လှဲ​သော​ကြောင့် မြည်​တမ်း​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အို ထင်းရှူးပင်​၊ ညည်းတွား​လော့​။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ​၍ ကျက်သရေဆောင်​သစ်ပင်​တို့ ပျက်စီး​ကုန်​ပြီ​။ အို ဗာရှန်​ဝက်သစ်ချပင်​တို့​၊ ညည်းတွား​ကြ​လော့​။ အကြောင်းမူကား ထူထပ်​သော​သစ်တော​ကြီး ပြုန်းတီး​သွား​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 11:2
12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တောင်​အ​ရပ် သို့​မျှော်​ကြည့်​၍ ထို​အ​ရပ်​နှင့်​ထို​အ​ရပ်​ရှိ သစ်​တော​အား​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​လော့။-


လှော်​တက်​များ​ကို​ပြု​လုပ်​ရန်​ဗာ​ရှန်​တော​မှ ဝက်​သစ်​ချ​ပင်​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။ သင်​၏​ကုန်း​ပတ်​ကို​ကု​ပ​ရု​ကျွန်း​မှ​ရ​သော ထင်း​ရှူး​ဖြင့်​ပြု​လုပ်​ကာ​ဆင်​စွယ်​များ​ဖြင့် ချယ်​လှယ်​ထား​ကြ​၏။


ယင်း​တို့​သည်​ယ​ခင်​က​ပြို​လဲ​သွား​ကြ​သည့် အ​ပင်​များ​နှင့်​ပေါင်း​ဆုံ​မိ​ကြ​ရန် အာ​ရစ်​ပင် နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ လိမ့်​မည်။ ထို​အာ​ရစ်​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ ခဲ့​ကြ​သူ​အ​ပေါင်း​တို့​နှင့် လူ​မျိုး​တ​ကာ မိတ်​ဆွေ​တို့​သည်​လည်း​အ​တူ​သက်​ဆင်း ကြ​လိမ့်​မည်'' ဟူ​၍​တည်း။


ဇိ​အုန်​မြို့​၌​သက်​တောင့်​သက်​သာ​စွာ​ဇိမ်​ခံ နေ​ကြ​သူ​တို့၊ ရှ​မာ​ရိ​တောင်​ပေါ်​တွင်​လုံ​လုံ ခြုံ​ခြုံ​နှင့်​စံ​မြန်း​နေ​ကြ​သူ​တို့၊ ပြည်​သူ များ​က​အ​သ​နား​ခံ​နေ​ရ​သူ​တို့၊ လူ​မျိုး များ​ထဲ​မှ​အ​ထွတ်​အ​မြတ်​ဖြစ်​သော​ဣ​သ ရေ​လ​လူ​မျိုး​တော်​တို့၊ သင်​တို့​သည်​အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။-


အို လေ​ဗ​နုန်​တောင်၊ သင်​၏​သစ်​က​တိုး​ပင်​များ​သည် မီး​သင့်​လောင်​၍​သွား​နိုင်​ရန်​သင်​၏​တံ​ခါး​တို့​ကို ဖွင့်​ပါ​လော့။


ဘု​ရင်​မင်း​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​၏။ သူ​တို့​၏​ဘုန်း​အ​သ​ရေ​ကား​ကွယ်​ပျောက် သွား​လေ​ပြီ။ ခြင်္သေ့​များ​၏​ဟောက်​သံ​ကို​နား​ထောင် ကြ​လော့။ သူ​တို့​ခို​အောင်း​ရာ​ယော်​ဒန်​မြစ်​ဝှမ်း​ရှိ သစ်​တော​သည်​ကား​ပျက်​ပြုန်း​၍​သွား​လေ​ပြီ။


စိမ်း​စို​သော​အ​ပင်​ကို​ဤ​သို့​ပြု​ကြ​ပါ​မူ အ​ပင်​သည်​ခြောက်​သွေ့​သော​အ​ခါ​မည်​သို့ ဖြစ်​လိမ့်​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ