သင်သည်အရေးပါအရာရောက်သူတစ်ဦး ဖြစ်ကောင်းဖြစ်ပေမည်။ သို့ရာတွင်ထာဝရ ဘုရားသည် သင့်အားဆွဲကိုင်၍ပစ်ထုတ် တော်မူလိမ့်မည်။-
အို စွမ်း အား ကြီး သူ၊ ထာ ဝ ရ ဘု ရား သည် သင့် ကို ပြင်း စွာ ထုတ် ပစ် တော် မူ လိမ့် မည်။ မု ချ ဖမ်း ဆီး ကိုင် ငင် ပြီး လျှင်။
ထာဝရဘုရားသည် ပြင်းစွာသောနှင်ထုတ်ခြင်းဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည်။ သင့်ကို အမှန်ကိုင်ဖမ်း၍၊
အချင်းလူ၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် သင့်ကို ကြမ်းတမ်းစွာလွှင့်ပစ်တော်မူမည်။ သင့်ကို မြဲမြဲကိုင်ထား၍
သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။
မြေကြီးကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း။
``သင်သည်မိမိကိုယ်ကိုအဘယ်သူဟုထင် မှတ်ပါသနည်း။ ကျောက်တောင်နံရံတွင် မိမိ တို့အတွက်သင်္ချိုင်းဂူကိုထွင်းထုလုပ်ပိုင်ခွင့် သင့်မှာရှိပါသလော။-
ကိုယ်တော်သည်သင့်အားလောက်စာသဖွယ် လုံး၍ ပိုမိုကျယ်ဝန်းသောပြည်သို့ပစ်ထုတ် တော်မူလိမ့်မည်။ သင်သည်ထိုပြည်တွင် မိမိ ဂုဏ်ယူဝါကြွားသည့်စစ်ရထားများအနီး တွင်သေရလိမ့်မည်။ သင်သည်မိမိအရှင်၏ နန်းတော်ကို အသရေယုတ်စေလိမ့်မည်။-
သင်တို့အားလောက်လွှဲမှလောက်စာလုံးကိုပစ် သကဲ့သို့ ထာဝရဘုရားသည်သင်တို့အား ဤပြည်မှပယ်ထုတ်တော်မူလိမ့်မည်။ သင်တို့ သည်အဖမ်းခံရသောကြောင့်စိတ်ပျက်ကြ လိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏။
ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည် ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။ သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။ သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။