ဧသတာ 7:8 - Common Language Bible
8 သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ဥ ယျာဉ် တော် မှ စ ပျစ် ရည် ပွဲ ခန်း တော် သို့၊ ဘု ရင် မင်း ပြန် ကြွ ခိုက်၊ ဧ သ တာ စက် ရာ သာ လွန် ကို မှီ ခို ပျပ် ဝပ် သ ဖြင့်၊ ဘု ရင် မင်း က၊ ငါ့ ရှေ့ နန်း တွင်း၌ ပင်၊ မိ ဖု ရား ကို ရှုတ် ချ မည် လော ဟု မိန့် ဆို သည် နှင့် တစ် ပြိုင် နက်၊ ဟာ မန့် မျက် နှာ ကို မင်း စေ တို့ ဖုံး ချည် ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည်သောက်ပွဲခံရာ အရပ်သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင်သော သာလွန်နားမှာ ဟာမန်သည် ပျပ်ဝပ်လျက်နေသည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏မျက်နှာကို ဖုံးကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ရှင်ဘုရင်သည် နန်းတော်ဥယျာဉ်မှ စပျစ်ဝိုင်သောက်ရာနေရာသို့ ပြန်ဝင်လာ၍ ဧသတာလျောင်းရာညောင်စောင်းတွင် ဟာမန်ပျပ်ဝပ်နေသည်ကို မြင်လျှင် ရှင်ဘုရင်က “ငါ့မျက်စိရှေ့ နန်းတွင်းမှာပင် မိဖုရားကို ကိုယ်ထိလက်ရောက်စော်ကားမည်လော”ဟု ရှင်ဘုရင်နှုတ်မှ ဆိုလိုက်သည်နှင့် မင်းမှုထမ်းတို့သည် ဟာမန်၏မျက်နှာကို ဖုံးအုပ်လိုက်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ