ဟေရှာယ 14:13 - Common Language Bible သင်သည်မိုးကောင်းကင်သို့အရောက်တက်၍ အမြင့်ဆုံးသောကြယ်များ၏အထက်တွင် မိမိ၏ရာဇပလ္လင်ကိုတည်ထားရန်သံန္နိဋ္ဌာန် ပြုခဲ့၏။ သင်သည်နတ်ဘုရားတို့စုဝေးရာ မြောက်အရပ်ရှိတောင်တော်ပေါ်တွင်ဘုရင် တစ်ပါးပီပီထိုင်နေရလိမ့်မည်ဟုထင်မှတ် ခဲ့၏။- Garrad Bible သင် က၊ မိုး ကောင်း ကင် သို့ ငါ တက်၍ ဘု ရား သ ခင်၏ ကြယ် တ ကာ တို့ ထက်၊ ရာ ဇ ပ လ္လင် ကို ချီး မြှင့် လျက်၊ နတ် တို့ စည်း ဝေး ရာ မြောက် မျက် နှာ ရှိ တောင် ပေါ် မှာ ငါ စံ၍၊ Judson Bible သင်ကလည်း၊ ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော်တောင်ပေါ်မှာ ငါထိုင်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်က “ကောင်းကင်သို့ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အထက်၌ ငါ့ပလ္လင်ကိုငါတည်မည်။ မြောက်ဘက်စွန်းရှိ တွေ့ဆုံစည်းဝေးရာတောင်ပေါ်မှာ ငါထိုင်မည်။ |
ဘုရားသခင်၏တောင်တော်ဖြစ်သည့် ဇိအုန်တောင်သည်မြင့်မား၍လှပတင့်တယ် ပါ၏။ မဟာမင်းမြတ်၏မြို့တော်သည်ကမ္ဘာသူ ကမ္ဘာသားတို့အားစိတ်ရွှင်လန်းစေပါ၏။
ဟေရှာယက နောင်လာလတ္တံ့သောကာလ၌ ယခုဗိမာန်တော်တည်ရာတောင်တော်သည် တောင်တကာတို့ကိုလွှမ်းမိုး၍ အမြင့်ဆုံးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်းထိုတောင်တော်သို့ လာရောက်ကြလိမ့်မည်။
သင်တို့၏မာန်မာနကသင်တို့အားလှည့် စားလေပြီ။ သင်တို့ထင်မှတ်သကဲ့သို့အ ဘယ်သူမျှသင်တို့အားမကြောက်ကြ။ သင် တို့သည်တောင်ထိပ်ပေါ်ရှိကျောက်ဆောင်မြင့် ပေါ်တွင်နေထိုင်လျက်ရှိကြ၏။ သို့ရာတွင် ယင်းကဲ့သို့လင်းယုန်သဖွယ်မြင့်မားသည့် အရပ်တွင် သင်တို့နေထိုင်ကြသော်လည်း ငါသည်သင်တို့အားဆွဲချမည်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏ဟုမိန့်တော်မူလေပြီ'' ဟုဆို၏။
ထိုမြို့သည်ပင်လယ်ကမ်းစပ်တွင်ရှိ၍ ပင်လယ် ကမ်းခြေပေါ်တွင်ရှိသမျှသောမြို့တို့နှင့်ကုန် သွယ်ဘက်ဖြစ်၏။ သူ့အားအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့်ဆို လော့။ ``အချင်းတုရုမြို့၊ သင်သည်အပြစ်ဆိုဖွယ် မရှိအောင်လှပတင့်တယ်သည့်အတွက်ဝါ ကြွားတတ်၏။
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
သင့်ကိုသတ်မည့်သူတို့ရှေ့တွင် သင်သည် ဘုရားဖြစ်သည်ဟုဆိုဦးမည်လော။ သူတို့ သင့်ကိုသတ်ရန်လာကြသောအခါ သင်သည် ဘုရားမဟုတ်တော့ဘဲလူသားမျှသာဖြစ် ရပေတော့အံ့။-
အရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူသည်ကို အီဂျစ်ဘုရင်ဖာရောမင်းအား ဆင့်ဆိုရမည်မှာ မြစ်ထဲရှိခွန်အားကြီးမား သောအချင်းမိကျောင်း၊ ငါသည်သင်၏ရန်သူ ဖြစ်၏။ နိုင်းမြစ်ကိုသင်ပိုင်သည်၊ ထိုမြစ်ကား သင်ဖန်ဆင်းထားသောအရာဖြစ်သည်ဟု သင်ဆို၏။-
``သို့ဖြစ်၍ထိုအပင်အဘယ်သို့ဖြစ်မည် ကိုသင့်အား ငါအရှင်ထာဝရဘုရားဖော်ပြ အံ့။ အာရစ်ပင်သည်သစ်ကိုင်းသစ်ခက်များ အထက် မိုးတိမ်တိုင်အောင်မြင့်မားလာ၏။ ယင်းသည်ဤသို့မြင့်မားလာလေလေပို၍ မာန်မာနထောင်လွှားလေလေဖြစ်၏။-
ဗျာဒိတ်ရူပါရုံတွင်ငါ့အားဘုရားသခင်သည် ဣသရေလပြည်သို့ခေါ်ဆောင်တော်မူ၍ မြင့်သောတောင်ပေါ်တွင်ချထားတော်မူ၏။ ထိုတောင်၏တောင်ဘက်၌မြို့တစ်မြို့နှင့်တူသောအဆောက်အအုံများကိုငါမြင်ရ၏။-
``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
သို့ရာတွင်သူသည်မာန်မာနထောင်လွှား ကာခေါင်းမာလျက် ရက်စက်စွာပြုကျင့်၍ လာသောအခါဘုန်းတန်ခိုးကွယ်ပျောက် ၍နန်းမှကျရလေပြီ။-
သင်၏မာန်မာနသည်သင့်ကိုလှည့်စား ထားလေပြီ။ သင်၏မြို့တော်သည်ကျောက်တုံးကျောက်ခဲ ဖြင့် ပြီးသောခံတပ်မြို့ဖြစ်၍၊ သင်၏တည်နေရာသည်မြင့်မားသော တောင်ပေါ်တွင်ဖြစ်သဖြင့်၊ `ငါ့အားအဘယ်သူဆွဲချနိုင်ပါနည်း' ဟု သင်သည်တစ်ကိုယ်တည်းပြောဆိုနေတတ်၏။
ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။
အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။-
အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံ တိုင်အောင်မြှောက်စားခြင်းကိုခံလိုသလော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းခံရလတ္တံ့'' ဟုမိန့်တော်မူ၏။
သူသည်လူတို့ကိုးကွယ်သောအမည်ခံ ဘုရားမှန်သမျှကိုအတိုက်အခံပြု၍ မိမိသည်ဘုရားတကာတို့ထက်တန်ခိုး ကြီးသည်ဟုဆိုလိမ့်မည်။ သူသည်ဘုရား သခင်၏ဗိမာန်တော်ထဲသို့ပင်လျှင်ဝင်၍ ထိုင်ကာမိမိကိုယ်ကိုဘုရားဟုကြေ ညာလိမ့်မည်။