အစားအစာချို့တဲ့မှုကြောင့်ကျွန်တော်မျိုး၏ ဒူးတို့သည်ချည့်နဲ့လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် အရိုးနှင့်အရေသာရှိပါ၏။
ဟေဗြဲ 12:12 - Common Language Bible သို့ဖြစ်၍သင်တို့၏နွမ်းနယ်သည့်လက်များကို အပေါ်သို့မ၍ချိနဲ့သည့်ဒူးဆစ်တို့ကိုခိုင်ခံ့ စေကြလော့။- Garrad Bible သို့ ဖြစ်၍ အား လျော့ သော လက် နှင့် နုန့် နဲ သော ဒူး ဆစ် များ ကို တည့် မတ် စေ ကြ လော့။ Judson Bible ထိုကြောင့်၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အားအင်ကုန်ခန်းနေသောလက်များနှင့် ချည့်နဲ့နေသောဒူးများကို ပြန်လည်ခိုင်ခံ့စေကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် နွမ်းနယ်နေသောလက်များနှင့် ချည့်နဲ့နေသောဒူးများကို ကြံ့ခိုင်စေကြလော့။ |
အစားအစာချို့တဲ့မှုကြောင့်ကျွန်တော်မျိုး၏ ဒူးတို့သည်ချည့်နဲ့လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် အရိုးနှင့်အရေသာရှိပါ၏။
နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။
သင်သည်အဘယ်ကြောင့်ညည်းတွားသည်ကို လူတို့မေးမြန်းကြသောအခါ သင်ကြားသိ ရသောသတင်းကြောင့်ညည်းတွားရခြင်း ဖြစ်ကြောင်းပြောပြလော့။ ထိုအမှုအရာ ဖြစ်ပျက်လာသောအခါ လူတို့သည်နှလုံး တုန်လျက်သတ္တိကြောင်ကြလိမ့်မည်။ သူတို့ ၏လက်များသည်ပျော့အိလျက်ဒူးများ လည်းပျော့ခွေလိမ့်မည်။ ထိုအမှုအရာကား ဖြစ်ပျက်မည့်အချိန်ကျရောက်ပြီ။ ယခု ပင်ဖြစ်ပျက်လာလေပြီ'' ဟုမိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏။
လူအပေါင်းတို့၏လက်များသည်အားလျော့ လျက် သူတို့၏ဒူးများသည်တုန်၍နေလိမ့်မည်။-
မျက်နှာညှိုးငယ်၍သွားတော်မူ၏။ သူသည် အလွန်ကြောက်လန့်ကာမျက်နှာဖြူဖတ်ဖြူ ရော်ဖြစ်လျက်ဒူးများပင်ခိုက်ခိုက်တုန်၍ လာ၏။-
နိနေဝေမြို့သည်ပျက်စီး၍သွားလေပြီ။ လူသူမရှိ။ ဆိတ်ညံရာဖြစ်လျက်နေ၏။ လူတို့သည်အလွန်ကြောက်လန့်သဖြင့်နှလုံး ခုန်ရပ်လုနီး၊ ဒူးများတုန်လျက်အားအင်ကုန်ခန်း၍သွားကြ၏။ သူတို့၏မျက်နှာတွင်လည်းသွေးမရှိတော့။
ထိုနေ့တွင်ယေရုရှလင်မြို့အားဤသို့ဆို လိမ့်မည်။ ``အို ဇိအုန်မြို့၊မကြောက်နှင့်။ သင်သည်လက်မှိုင်ချ၍မနေနှင့်။
ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-
အပြစ်သားတို့၏ပြင်းထန်စွာမုန်းတီးခြင်း ကိုကိုယ်တော်အဘယ်မျှခံတော်မူကြောင်း သင်တို့ထောက်ရှုဆင်ခြင်လျက်စိတ်ပျက် အားလျော့ခြင်းမရှိကြနှင့်။-
ကျမ်းစာတော်တွင်ဘုရားသခင်က၊ ``ငါ့သား၊ထာဝရဘုရားပဲ့ပြင်တော်မူသည်ကို ဂရုပြုလော့။ ဆုံးမတော်မူသောအခါစိတ် မပျက်နှင့်။