မိုးရွာပြီးနောက်မိုးသားများကင်းစင်လျက် အရုဏ်တက်ချိန်အခါမြက်များကိုအရောင် လက်စေသည့်နေမင်းနှင့်တူ၏''
ဟောရှေ 6:3 - Common Language Bible ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား ကို သိ လျက်၊ အ ကျွမ်း ဝင် ရန် လိုက် ရှာ ကြ ကုန် အံ့။ အ ရုဏ် တက် မြဲ တက် သည့် နည်း တူ၊ ကြွ မြဲ ကြွ လာ သော ထို အ ရှင် သည်၊ မြေ ပေါ် သို့ ရွာ သော မိုး ဦး မိုး နှောင်း သ ဖွယ်၊ သက် ရောက် တော် မူ မည် ဟု ဆို ကြ ရာ၌၊ Judson Bible ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကိုသိခြင်းငှာ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုးနှင့် မြေအပေါ်သို့ရွာသော နောက်မိုးကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။ |
မိုးရွာပြီးနောက်မိုးသားများကင်းစင်လျက် အရုဏ်တက်ချိန်အခါမြက်များကိုအရောင် လက်စေသည့်နေမင်းနှင့်တူ၏''
မိုဃ်းရေကိုငံ့လင့်သကဲ့သို့ငါ့ကိုငံ့လင့်လျက်၊ ဗနာက်ကျသော မိုဃ်းရေကို ခံချင်သကဲ့သို့၊ သူတို့သည် ပစပ်ကို ကျယ်ကျယ်ဖွင့်လျက်နေကြ၏။
နေ့နှင့်ညမှထွက်ပေါ်လာသည့်အသံသည် ကမ္ဘာမြေတစ်ပြင်လုံးသို့ပျံ့နှံ့သွားလျက် ယင်းတို့ကြေညာသောစကားသည် ကမ္ဘာမြေကြီးစွန်းတိုင်အောင်ရောက်လေ၏။ ဘုရားသခင်သည်နေ၏အတွက်မိုးကောင်း ကင်၌ ဗိမာန်တစ်ဆောင်ကိုတည်တော်မူ၏။
သူသည်မိုးကောင်းကင်တစ်စွန်းမှအစပြုကာ အခြားတစ်စွန်းသို့လှည့်ပတ်၍သွား၏။ သူ၏အပူရှိန်မှကင်းလွတ်သောအရာတစ်ခု မျှမရှိ။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။ ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။
ကိုယ်တော်ရှင်သည်မိုးရေကို ချပေးတော်မူခြင်းအားဖြင့်ကမ္ဘာမြေကြီးကို ကြည့်ရှုစောင့်ရှောက်လျက်နေတော်မူကြောင်းကို ဖော်ပြတော်မူပါ၏။ ကမ္ဘာမြေကြီးကိုမြေသြဇာထက်သန်စေတော် မူပါ၏။ ကိုယ်တော်ရှင်သည်မြစ်ချောင်းတို့ကိုရေနှင့် ပြည့်စေတော်မူပါ၏။ ကမ္ဘာမြေကြီးတွင်ကောက်ပဲသီးနှံများကို ဖြစ်ပွားစေတော်မူပါ၏။ ကိုယ်တော်ရှင်စီရင်တော်မူပုံမှာဤသို့တည်း။
မင်းကြီးသည်လယ်ယာများအပေါ်သို့ ရွာချသည့် မိုးကဲ့သို့လည်းကောင်း၊ မြေပြင်ပေါ်သို့ကျရောက်လာသည့်မိုးပေါက် များ ကဲ့သို့လည်းကောင်းဖြစ်ပါစေသော။
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။-
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
ငါသည်ထိုစပျစ်ဥယျာဉ်ကိုပေါင်းပင်များ နှင့်ပြည့်နှက်နေစေမည်။ စပျစ်ခက်တို့ကိုရှင်း လင်း၍မြေကိုတူးဆွ၍ပေးလိမ့်မည်မဟုတ်။ ဆူးပင်အမျိုးမျိုးကိုပေါက်စေမည်။ ထိုဥယျာဉ် အပေါ်သို့မိုးမရွာစေရန် မိုးတိမ်များကိုပင် ငါပိတ်ပင်ဆီးတားမည်'' ဟုမြွက်ဆို၏။
``သင်၏လူတို့အားငါကိုယ်တိုင်ဆုံးမသွန်သင်မည်။ သင်၏သားသမီးတို့အားချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းသာယာမှုကိုငါပေးမည်။
ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း သိရှိလိုသောစိတ်နှလုံးကိုသူတို့အားငါ ပေးမည်။ ထိုအခါသူတို့သည်ငါ၏လူမျိုး တော်ဖြစ်လျက် ငါသည်လည်းသူတို့၏ဘုရား ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့ သည်စိတ်ပါလက်ပါ ငါ၏ထံသို့ပြန်လာ ကြလိမ့်မည်ဖြစ်သောကြောင့်တည်း။
ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
ငါက`သင်တို့အတွက်မြေရိုင်းကိုထွန်ယက် ၍တရားမျှတမှုမျိုးစေ့ကိုကြဲလော့၊ ငါ့ အားသစ္စာစောင့်ခြင်း၏အသီးအနှံကို ရိတ်သိမ်းလော့၊ သင်တို့၏ထာဝရဘုရား ထံသို့ပြန်လာချိန်ရောက်ပြီ။ ငါသည်လည်း ကြွလာ၍သင်တို့အားကောင်းကြီးပေး တော်မူမည်' ဟုမိန့်တော်မူ၏။-
မိုးရေသည်ခြောက်သွေ့သောမြေကိုစိုပြေစေ သကဲ့သို့ ငါသည်ဣသရေလပြည်သားတို့အား စိုပြေပွင့်လန်းစေမည်။ သူတို့သည်ပန်းပင်ကဲ့သို့ဖူးပွင့်ကြလိမ့်မည်။ လေဗနုန်တောမှသစ်ပင်ကဲ့သို့အမြစ်စွဲလိမ့်မည်။
သူတို့သည်အဖူးအညွှန့်တို့ဖြင့်ဝေဆာ၍၊ သံလွင်ပင်ကဲ့သို့လှပတင့်တယ်လိမ့်မည်။ လေဗနုန်တောမှအာရဇ်ပင်ကဲ့သို့ အနံ့သင်းကြိုင်လိမ့်မည်။
ငါ၏ကတိသစ္စာနှင့်အညီသင့်ကိုငါသိမ်း ပိုက်မည်။ သင်သည်ငါ့ကိုထာဝရဘုရားအဖြစ် အသိအမှတ်ပြုလိမ့်မည်။
``ဣသရေလအမျိုးသားတို့၊ဘုရားသခင်၏ ဗိမာန်တော်တည်ရှိရာထာဝရဘုရား၏ တောင်ပေါ်သို့ တက်ကြကုန်အံ့။ ကိုယ်တော်သည်ငါတို့အားအလိုတော်နှင့် အညီ ကျင့်ကြံပြုမူရန်သွန်သင်တော်မူမည်။ ကိုယ်တော်ညွှန်ပြသောလမ်းအတိုင်း လျှောက်သွားကြမည်။ ထာဝရဘုရား၏တရားတော်သည် ဇိအုန်တောင်မှလည်းကောင်းထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ယေရုရှလင်မြို့မှ လည်းကောင်း ထွက်ပေါ်လာသတည်း'' ဟုဆိုကြ၏။
ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
အသက်မသေဘဲကျန်ရစ်သောဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကျစေ တော်မူသောနှင်းကဲ့သို့နိုင်ငံများစွာအား လန်းဆန်းစေလိမ့်မည်။ အပင်များပေါ်သို့ ရွာသွန်းသောမိုးကဲ့သို့ဖြစ်လိမ့်မည်။ ယင်း တို့သည်လူတို့၏အမိန့်ကိုမနာခံ၊ ဘုရားသခင်၏အမိန့်ကိုသာနာခံကြ၏။-
နွေဦးပေါက်သောအခါမိုးရွာစေရန်ထာဝရ ဘုရားအား လျှောက်ထားတောင်းခံကြလော့။ မိုး တိမ်များကိုစေလွှတ်ကာမိုးရွာစေ၍လူခပ် သိမ်းတို့အတွက် လယ်ပြင်များကိုစိမ်းလန်း စေတော်မူသောအရှင်ကားထာဝရဘုရား ပေတည်း။-
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကို ကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊
ထာဝရအသက်ဟူသည်တစ်ဆူတည်းသော ဘုရားဖြစ်တော်မူသည့်ကိုယ်တော်ကိုလည်း ကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသောယေရှု ခရစ်ကိုလည်းကောင်းသိကျွမ်းခြင်းပင်ဖြစ် ပါ၏။-
ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။-
ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-
ငါ့သွန်သင်ချက်သည်မိုးပေါက်ကဲ့သို့ကျ၍ မြေပေါ်တွင်နှင်းပေါက်ကဲ့သို့တင်ရှိလိမ့်မည်။ ငါ့စကားသည်အပင်ငယ်များပေါ်သို့ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြက်နုပေါ်တွင်ကျသောမိုးဖွဲကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။
သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-
``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။