ဇာခရိ 10:1 - Common Language Bible1 နွေဦးပေါက်သောအခါမိုးရွာစေရန်ထာဝရ ဘုရားအား လျှောက်ထားတောင်းခံကြလော့။ မိုး တိမ်များကိုစေလွှတ်ကာမိုးရွာစေ၍လူခပ် သိမ်းတို့အတွက် လယ်ပြင်များကိုစိမ်းလန်း စေတော်မူသောအရှင်ကားထာဝရဘုရား ပေတည်း။- အခန်းကိုကြည့်ပါ။Garrad Bible1 မိုး နှောင်း ကာ လ၌၊ ထာ ဝ ရ ဘု ရား ထံ မိုး ကို တောင်း ကြ လော့။ လျှပ် စစ် ကို ပြု ပြင် သော ထာ ဝ ရ ဘု ရား သည်၊ မိုး ရွာ စေ လျက်၊ လူ အ သီး အ သီး တို့ ကွင်း ၌ ကောက် ပင် ပေါက် စေ တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible1 နောက်မိုး ရွာရာကာလတွင် မိုးရွာစေမည်အကြောင်း၊ ထာဝရဘုရားထံတော်၌ ဆုတောင်းကြလော့။ ထာဝရဘုရားသည် လျှပ်စစ်ကိုပြင်ဆင်၍ များစွာမိုးရွာစေသဖြင့်၊ ခပ်သိမ်းသောလူတို့အဖို့ လယ်ပြင်၌ အပင် ပေါက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 မိုးနှောင်းကာလတွင် မိုးရွာစေရန် ထာဝရဘုရားထံတောင်းလျှောက်ကြလော့။ ထာဝရဘုရားသည် မိုးတိမ်တိုက်ကို ဖြစ်ပေါ်စေ၏။ မိုးရွာစေခြင်းဖြင့် လူအပေါင်းတို့၏လယ်ပြင်မှ အပင်များအတွက် မိုးရေကို ရရှိစေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်မိုးရေကို ချပေးတော်မူခြင်းအားဖြင့်ကမ္ဘာမြေကြီးကို ကြည့်ရှုစောင့်ရှောက်လျက်နေတော်မူကြောင်းကို ဖော်ပြတော်မူပါ၏။ ကမ္ဘာမြေကြီးကိုမြေသြဇာထက်သန်စေတော် မူပါ၏။ ကိုယ်တော်ရှင်သည်မြစ်ချောင်းတို့ကိုရေနှင့် ပြည့်စေတော်မူပါ၏။ ကမ္ဘာမြေကြီးတွင်ကောက်ပဲသီးနှံများကို ဖြစ်ပွားစေတော်မူပါ၏။ ကိုယ်တော်ရှင်စီရင်တော်မူပုံမှာဤသို့တည်း။
အသက်မသေဘဲကျန်ရစ်သောဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကျစေ တော်မူသောနှင်းကဲ့သို့နိုင်ငံများစွာအား လန်းဆန်းစေလိမ့်မည်။ အပင်များပေါ်သို့ ရွာသွန်းသောမိုးကဲ့သို့ဖြစ်လိမ့်မည်။ ယင်း တို့သည်လူတို့၏အမိန့်ကိုမနာခံ၊ ဘုရားသခင်၏အမိန့်ကိုသာနာခံကြ၏။-
လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့် ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။
ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။