ဒါဝိဒ်သည်သူ့အားညစာစားရန်ဖိတ်ခေါ်ပြီး လျှင်ယစ်မူးအောင်သောက်စားစေ၏။ သို့သော် လည်းဥရိယသည်ထိုည၌လည်းအိမ်သို့မ ပြန်ဘဲနန်းတော်အစောင့်တပ်သားများ၏ အခန်းတွင်စောင်ခင်း၍အိပ်လေသည်။
သုတ္တံကျမ်း။ 20:1 - Common Language Bible စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။ Garrad Bible စ ပျစ် ရည် သည် မ ထီ လေး စား ပြု ရာ၊ အ ရက် လည်း ဆူ ညံ ရာ အ ကြောင်း ဖြစ် သော ကြောင့်၊ ယစ် မူး သ မျှ သော သူ တို့ သည် ပ ညာ မဲ့ ကြ ၏။ Judson Bible စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ်၏။ ထိုသို့သောအားဖြင့် မှားယွင်းသောသူသည် ပညာမရှိ။ မြန်မာ့စံမီသမ္မာကျမ်း စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။ သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။ |
ဒါဝိဒ်သည်သူ့အားညစာစားရန်ဖိတ်ခေါ်ပြီး လျှင်ယစ်မူးအောင်သောက်စားစေ၏။ သို့သော် လည်းဥရိယသည်ထိုည၌လည်းအိမ်သို့မ ပြန်ဘဲနန်းတော်အစောင့်တပ်သားများ၏ အခန်းတွင်စောင်ခင်း၍အိပ်လေသည်။
အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။-
အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။
ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များပင် လျှင် သေသောက်ကြူးကြသဖြင့်ယိမ်းထိုး၍ နေကြ၏။ သူတို့သည်စပျစ်ရည်နှင့်သေရည် အသောက်လွန်သဖြင့် ဂယောင်ချောက်ချားဖြစ် ကာခြေချော်၍လဲကြ၏။ ပရောဖက်တို့သည် မူးယစ်လျက်နေရကား ဘုရားသခင်ပြ တော်မူသောဗျာဒိတ်ရူပါရုံများ၏အနက် အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ ယဇ်ပုရောဟိတ် တို့သည်လည်း မိမိတို့ထံသို့ရောက်ရှိလာ သည့်အမှုများကိုစီရင်ဆုံးဖြတ်ရန် မတတ်ကြ။-
သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် သေရည်သေရက်သောက်ရန် စောစောထ၍ ည နေချိန်၌လည်းကြာမြင့်စွာမူးယစ်၍နေ တတ်ကြ၏။-
သင်တို့သည်အမင်္ဂလာရှိကြ၏။ အချင်းအရက် ပုလင်းသူရဲကောင်းတို့၊ သင်တို့သည်အရက် ရောစပ်မှုတွင်သတ္တိကောင်း၍ကြောက်စိတ်ကင်း ကြပါသည်တကား။-
ဤသေသောက်ကြူးတို့က`လာကြ၊ ငါတို့သည် စပျစ်ရည်ကိုယူ၍အစွမ်းကုန်သောက်ကြ ကုန်အံ့။ နက်ဖြန်နေ့သည်ယနေ့ထက်ပင်ပို ၍မွေ့လျော်ဖွယ်ကောင်းလိမ့်မည်' ဟုဆို တတ်ကြ၏။''
ထာဝရဘုရားက``ငါ၏လူစုသည်စပျစ် ရည်သစ်၊ စပျစ်ရည်ဟောင်းတို့ကိုသောက်စား ယစ်မူးသဖြင့်အသိဉာဏ်ကင်းမဲ့လျက် ရှိ၏။-
ဘုရင်ပွဲခံသောနေ့တွင်ဘုရင်နှင့်မင်းမှု ထမ်းတို့ကိုစပျစ်ရည်တိုက်၍ယစ်မူး၍ ရူးသွပ်စေကြ၏။-
``သင်နှင့်သင်၏သားတို့သည်စပျစ်ရည် သို့ မဟုတ်သေရည်သေရက်ကိုသောက်၍တဲတော် ထဲသို့မဝင်ရ။ ထိုသို့ပြုလျှင်သင်တို့သေရ မည်။ ဤပညတ်ကိုသင်တို့၏အဆက်အနွယ် အားလုံးစောင့်ထိန်းရကြမည်။-
ကြွယ်ဝချမ်းသာခြင်းသည်လှည့်စားတတ်၏။ % လောဘရမက်ကြီးသူတို့သည် မာန်မာန% ထောင်လွှားလျက်စိတ်တည်ငြိမ်မှုမရှိ။ သူတို့% သည်သေမင်းကဲ့သို့အဘယ်အခါ၌မျှ% ကျေနပ်ရောင့်ရဲမှုမရှိ။ ထို့ကြောင့်သူတို့% သည်တစ်နိုင်ငံပြီးတစ်နိုင်ငံတိုက်ခိုက်% သိမ်းယူတတ်လေသည်။-%
သူခိုးများ၊ လောဘလွန်ကူးသူများ၊ သေ သောက်ကြူးသူများ၊ ဆဲရေးတိုင်းထွာသူများ နှင့်လုယက်တိုက်ခိုက်သူများသည် ဘုရား သခင်၏နိုင်ငံတော်သားဖြစ်ကြရလိမ့်မည် မဟုတ်။-
ငြူစူခြင်း၊ သေရည်သောက်ကြူးခြင်း၊ သောက်စား ပျော်ပါးခြင်းအစရှိသည်တို့ဖြစ်၏။ ဤနည်း အတိုင်းပြုကျင့်ကြသူတို့သည်ဘုရားသခင် ၏နိုင်ငံတော်ကိုအပိုင်ရကြမည်မဟုတ်။
သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-