Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 5:22 - Common Language Bible

22 သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ချင်း​အ​ရက် ပု​လင်း​သူ​ရဲ​ကောင်း​တို့၊ သင်​တို့​သည်​အ​ရက် ရော​စပ်​မှု​တွင်​သတ္တိ​ကောင်း​၍​ကြောက်​စိတ်​ကင်း ကြ​ပါ​သည်​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22-23 စ ပျစ် ရည် ကို များ စွာ သောက်၍ သေ ရည် သေ ရက် ကို အား ကြီး စွာ ရော စပ် သည့် ပြင်၊ တံ စိုး ငဲ့၍ လူ ဆိုး ကို ဖြောင့် သည် ဟု စီ ရင် လျက်၊ လူ ဖြောင့် ကို မ ဖြောင့် ဟု ဆုံး ဖြတ် တတ် သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 စ​ပျစ်​ရည်​ကို များ​စွာ​သောက်​နိုင်​သော​သူ၊ ဆေး​နှင့်​ရော​သော သေ​ရည်​သေ​ရက်​ကို​သောက်​ခြင်း​အ​မှု၌၊ အား​ကြီး​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 စပျစ်ဝိုင်​အလွန်အကြူး​သောက်​သူ​၊ သေရည်သေရက်​ရောစပ်​ရာ​တွင်​ကျွမ်းကျင်သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 5:22
14 ပူးပေါင်းရင်းမြစ်များ  

မွန်း​တည့်​ချိန်​၌​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​သုံး​ကျိပ် နှစ်​ပါး​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​သေ ရည်​သေ​ရက်​သောက်​စား​မူး​ယစ်​နေ​ကြ​စဉ်၊-


တံ​စိုး​လက်​ဆောင်​စား​သူ​သည်​အမှန်​တ​ရား​ကို မ​မြင်​နိုင်​သည့်​အ​ပြင် အ​ပြစ်​ကင်း​မဲ့​သူ​ကို ပျက်​စီး​စေ​နိုင်​သော​ကြောင့်​တံ​စိုး​လက်​ဆောင် မ​ယူ​ရ။


စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။


အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊


အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။


သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။


သင်​သည်​ယင်း​သို့​ပြု​မည့်​အ​စား​ရယ်​မော လျက် ပွဲ​လမ်း​သ​ဘင်​ကျင်း​ပ​ကာ​နေ​ခဲ့​၏။ သိုး​နွား​များ​ကို​သတ်​၍​စား​ကာ​စပျစ်​ရည် ကို​သောက်​ခဲ့​၏။ ``နက်​ဖြန်​သေ​ရကြ​မည် ဖြစ်​၍​ယ​ခု​ငါ​တို့​စား​ကြ​သောက်​ကြ ကုန်​အံ့'' ဟု​သင်​ဆို​ခဲ့​၏။


သူ​တို့​သည်​စ​ပျစ်​ရည်​သောက်​ကာ​သီ​ချင်း များ​ကို​မ​ဆို​ကြ​တော့​ပေ။ အ​ဘယ်​သူ​မျှ စ​ပျစ်​ရည်​၏​အ​ရ​သာ​ကို​မ​ခံ​စား​ကြ တော့​ချေ။-


ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင် လျှင် သေ​သောက်​ကြူး​ကြ​သ​ဖြင့်​ယိမ်း​ထိုး​၍ နေ​ကြ​၏။ သူ​တို့​သည်​စ​ပျစ်​ရည်​နှင့်​သေ​ရည် အ​သောက်​လွန်​သ​ဖြင့် ဂ​ယောင်​ချောက်​ချား​ဖြစ် ကာ​ခြေ​ချော်​၍​လဲ​ကြ​၏။ ပ​ရော​ဖက်​တို့​သည် မူး​ယစ်​လျက်​နေ​ရ​ကား ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။ ယဇ်​ပု​ရော​ဟိတ် တို့​သည်​လည်း မိ​မိ​တို့​ထံ​သို့​ရောက်​ရှိ​လာ သည့်​အ​မှု​များ​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် မ​တတ်​ကြ။-


သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် သေ​ရည်​သေ​ရက်​သောက်​ရန် စော​စော​ထ​၍ ည နေ​ချိန်​၌​လည်း​ကြာ​မြင့်​စွာ​မူး​ယစ်​၍​နေ တတ်​ကြ​၏။-


ဤ​သေ​သောက်​ကြူး​တို့​က`လာ​ကြ၊ ငါ​တို့​သည် စ​ပျစ်​ရည်​ကို​ယူ​၍​အ​စွမ်း​ကုန်​သောက်​ကြ ကုန်​အံ့။ နက်​ဖြန်​နေ့​သည်​ယ​နေ့​ထက်​ပင်​ပို ၍​မွေ့​လျော်​ဖွယ်​ကောင်း​လိမ့်​မည်' ဟု​ဆို တတ်​ကြ​၏။''


သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​တို့​အိမ်​နီး​ချင်း​တိုင်း​% ပြည်​များ​ကို​ရှုတ်​ချ​၍​အ​သ​ရေ​ဖျက်​ခဲ့​၏။ % သူ​တို့​အား​သေ​သောက်​ကြူး​များ​သ​ဖွယ်​ယိမ်း​% ထိုး​၍​နေ​စေ​ခဲ့​၏။-%


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ