Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 28:7 - Common Language Bible

7 ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင် လျှင် သေ​သောက်​ကြူး​ကြ​သ​ဖြင့်​ယိမ်း​ထိုး​၍ နေ​ကြ​၏။ သူ​တို့​သည်​စ​ပျစ်​ရည်​နှင့်​သေ​ရည် အ​သောက်​လွန်​သ​ဖြင့် ဂ​ယောင်​ချောက်​ချား​ဖြစ် ကာ​ခြေ​ချော်​၍​လဲ​ကြ​၏။ ပ​ရော​ဖက်​တို့​သည် မူး​ယစ်​လျက်​နေ​ရ​ကား ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။ ယဇ်​ပု​ရော​ဟိတ် တို့​သည်​လည်း မိ​မိ​တို့​ထံ​သို့​ရောက်​ရှိ​လာ သည့်​အ​မှု​များ​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် မ​တတ်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ဤ သူ တို့ လည်း၊ စ ပျစ် ရည် ကြောင့် ယိမ်း ယိုင် လျက်၊ အ ရက် ကြောင့် မူး ယစ် လျက်၊ ပ ရော ဟိတ် နှင့် ပ ရော ဖက် တို့ ပင်၊ အ ရက် ကြောင့် ယိမ်း ယိုင် မူး ယစ် ၍၊ စ ပျစ် ရည် ၌ နစ် မွန်း သ ဖြင့် ရူ ပါ ရုံ ကို မြင် ရာ၊ ယိမ်း ယိုင် လျက်၊ ဆုံး ဖြတ် ရာ၊ တိမ်း လဲ လျက် နေ ကြ သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သို့​သော်​လည်း၊ ထို​သူ​တို့​သည် စ​ပျစ်​ရည်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​သည် သေ​ရည်​သေ​ရက်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ စ​ပျစ်​ရည်​နှင့် မွှန်​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ဗျာ​ဒိတ်​ခံ​သည်​အ​ရာ၌ မှား​ယွင်း​လျက်၊ တ​ရား​စီ​ရင်​သည်​အ​ရာ၌ ထိ​မိ၍ လဲ​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဤ​သူ​တို့​သည် စပျစ်ဝိုင်​ကြောင့် ယိမ်းထိုး​၍ သေရည်သေရက်​ကြောင့် ဒယီးဒယိုင်​ဖြစ်​ကြ​ပြီ​။ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​သည် သေရည်သေရက်​ကြောင့် ယိမ်းထိုး​၍ စပျစ်ဝိုင်​ကြောင့်​အာရုံ​ထွေပြား​ကြ​ပြီ​။ သေရည်သေရက်​ကြောင့် လမ်းလွဲ​၍ စိတ်အာရုံ​ကို လွဲမှား​စွာ​မြင်​ကြ​ပြီ​။ ဆုံးဖြတ်ချက်​ချ​ရာ​တွင်​လည်း အလွဲလွဲအချော်ချော်​ဖြစ်​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 28:7
33 ပူးပေါင်းရင်းမြစ်များ  

``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-


``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​မ​ရှင်း​မ​လင်း သည့်​အ​ကြံ​ဉာဏ်​များ​ကို​ပေး​စေ​တော်​မူ​သ​ဖြင့် အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​မှား​မှား​အ​ယွင်း ယွင်း​ဖြစ်​လျက်၊ မိ​မိ​၏​အံ​ဖတ်​ပေါ်​တွင်​ပြန်​လဲ သော​သေ​သောက်​ကြူး​သူ​ကဲ့​သို့​ယိမ်း​ယိုင်​၍ နေ​ကြ​တော့​၏။-


မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ၏။


စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။


``သင်​တို့​တွင်​စ​ပျစ်​ရည်​နှင့် အ​ရက်​လှိုင်​လှိုင် ပေါ​များ​လိမ့်​မည်​ဟု​ငါ​ဟော​၏' ဟူ​၍​လိမ် လည်​လှည့်​ဖြား​ပြော​ဆို​တတ်​သော​ပ​ရော​ဖက် မျိုး​ကို​ဤ​သူ​တို့​နှစ်​သက်​ကြ​၏။


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား``ပ​ရော​ဖက်​များ သည်​သင်​တို့​အား​အ​ချည်း​နှီး​မျှော်​လင့်​လျက် နေ​စေ​ကြ​သည်​ဖြစ်​၍ သူ​တို့​ဟော​ပြော​သည့် စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မိ​မိ​တို့​စိတ်​ထဲ​ထင်​မြင်​သည့်​အ​ရာ​များ​ကို ဟော​ပြော​ကြ​၏။ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ဟော ပြော​ကြ​သည်​မ​ဟုတ်။-


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​တို့ သည် ငါ​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည် ပြော​ဆို​နေ​ကြ​ခြင်း​ဖြစ်​သည်။ ငါ​သည်​သူ​တို့ ကို​မ​စေ​လွှတ်​ခဲ့။ သူ​တို့​အား​အ​ဘယ်​သို့​မျှ လည်း​မ​မှာ​ကြား။ အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ လည်း​ငါ​မ​ပေး​ခဲ့။ သူ​တို့​ဖော်​ပြ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တို့​သည်​ငါ​ပြ​သည့်​ရူ​ပါ​ရုံ​များ မ​ဟုတ်။ သူ​တို့​ကြို​တင်​ဟော​ပြော​မှု​များ သည်​အ​ချည်း​နှီး​ဟော​ပြော​မှု​များ​သာ လျှင်​ဖြစ်​၏။-


ငွေ​ချေး​စား​သူ​တို့​သည်​ငါ​၏​လူ​များ​အား နှိပ်​စက်​ကြ​၏။ ငွေ​ရှင်​ကြေး​ရှင်​များ​က​သူ​တို့ အား​လိမ်​လည်​လှည့်​ဖြား​ကြ​၏။ ငါ​၏​လူ​တို့၊ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​သင်​တို့​အား လမ်း​မှား​ကို​ပြ​လျက်​နေ​သ​ဖြင့် သင်​တို့​သည် အ​ဘယ်​လမ်း​သို့​လိုက်​ရ​မည်​ကို​ပင်​မ​သိ နိုင်​ကြ​တော့​ပေ။


သူ​တို့​သည်​အ​ရက်​မူး​သူ​များ​ကဲ့​သို့​ယိမ်း​ယိုင် လဲ​ကျ​ကြ​ကုန်​၏။ သူ​တို့​၏​ကျွမ်း​ကျင်​မှု​သည်​အ​ချည်း​နှီး​ပင်​ဖြစ်​၏။


လင်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကို​ချစ် သ​ကဲ့​သို့​မ​ယား​များ​အား​ချစ်​သင့်​ကြ​၏။ မ​ယား​ကို​ချစ်​သော​သူ​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​ချစ်​သော​သူ​ဖြစ်​၏။-


ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​တိုင်း​အ​တွင်း ရှိ​ဝင်း​သို့​မ​ဝင်​မီ​စ​ပျစ်​ရည်​ကို​မ​သောက် ရ​ကြ။-


သူ​တို့​အား​ဤ​သို့​ဆင့်​ဆို​လော့။ သင်​တို့​၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည်​အ​တု​ဖြစ်​၍ သင် တို့​ကြို​တင်​ဟော​ကြား​ချက်​များ​သည်​လည်း မု​သား​စ​ကား​များ​ဖြစ်​၏။ သင်​တို့​က​ထို စ​ကား​များ​သည် ငါ​၏​ဗျာ​ဒိတ်​တော်​ဖြစ် သည်​ဟု​ဆို​သော်​လည်း ငါ​သည်​ထို​ဗျာ​ဒိတ် ကို​သင်​တို့​အား​မ​ပေး​ခဲ့'' ဟု​မိန့်​တော် မူ​၏။


ကိုယ်​တော်​သည်​ငါ​တို့​အား​မြား​တော်​များ​ဖြင့် အ​သင့်​ချိန်​ရွယ်​ကာ​အား​ရ​ရွှင်​လန်း​ဂုဏ်​ယူ ဝါ​ကြွား​ရာ​ဖြစ်​သူ​လူ​အ​ပေါင်း​တို့​အား ကွပ်​မျက်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​၌​ငါ​တို့​သည်​ကိုယ်​တော်​၏ တောက်​လောင်​သော​အ​မျက်​တော်​ကို​ခံ​စား ရ​ကြ​၏။


ရှ​မာ​ရိ​မြို့​မှ​ပ​ရော​ဖက်​များ​၏​ရွံ​ရှာ​ဖွယ် အ​ဖြစ်​ကို ငါ​တွေ့​မြင်​ရ​လေ​ပြီ။ သူ​တို့​သည်​ဗာ​လ​ဘု​ရား​၏​နာ​မ​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကာ​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အား လမ်း​လွဲ​စေ​ကြ​လေ​ပြီ။


ဗျာ​ဒိတ်​ရူ​ပါ​ရုံ​မှန်​သ​မျှ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် များ​သည် တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​စာ​လိပ်​ကဲ့ သို့ သင်​တို့​အ​တွက်​ဖုံး​ကွယ်​၍​နေ​လိမ့်​မည်။ စာ ဖတ်​တတ်​သူ​တစ်​ဦး​အား​သင်​အ​ဖတ်​ခိုင်း​ပါ မူ ထို​သူ​က``ဤ​စာ​လိပ်​ကို​တံ​ဆိပ်​ခတ်​နှိပ်​ထား သ​ဖြင့် အ​ကျွန်ုပ်​ဖတ်​၍​မ​ရ​ပါ'' ဟု​ဆို လိမ့်​မည်။-


ယဇ်​ပု​ရော​ဟိတ်​နှင့်​ပြည်​သူ၊ ကျွန်​နှင့်​သ​ခင်၊ ဝယ်​သူ​နှင့်​ရောင်း​သူ၊ ချေး​သူ​နှင့်​ငှား​သူ၊ ချမ်း သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ရှိ​ရှိ​သ​မျှ​သော​လူ တို့​သည်​ကံ​ကြမ္မာ​တစ်​မျိုး​တစ်​စား​တည်း နှင့်​ကြုံ​တွေ့​ရ​ကြ​လိမ့်​မည်။-


သင်​သည်​ယင်း​သို့​ပြု​မည့်​အ​စား​ရယ်​မော လျက် ပွဲ​လမ်း​သ​ဘင်​ကျင်း​ပ​ကာ​နေ​ခဲ့​၏။ သိုး​နွား​များ​ကို​သတ်​၍​စား​ကာ​စပျစ်​ရည် ကို​သောက်​ခဲ့​၏။ ``နက်​ဖြန်​သေ​ရကြ​မည် ဖြစ်​၍​ယ​ခု​ငါ​တို့​စား​ကြ​သောက်​ကြ ကုန်​အံ့'' ဟု​သင်​ဆို​ခဲ့​၏။


သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ချင်း​အ​ရက် ပု​လင်း​သူ​ရဲ​ကောင်း​တို့၊ သင်​တို့​သည်​အ​ရက် ရော​စပ်​မှု​တွင်​သတ္တိ​ကောင်း​၍​ကြောက်​စိတ်​ကင်း ကြ​ပါ​သည်​တ​ကား။-


သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် သေ​ရည်​သေ​ရက်​သောက်​ရန် စော​စော​ထ​၍ ည နေ​ချိန်​၌​လည်း​ကြာ​မြင့်​စွာ​မူး​ယစ်​၍​နေ တတ်​ကြ​၏။-


စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေ သောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။


ကမ္ဘာ​မြေ​ကြီး​သည်​လေ​မုန်​တိုင်း​မိ​သည့်​တဲ ကဲ့​သို့​လည်း​ကောင်း၊ သေ​သောက်​ကြူး​သူ​ကဲ့​သို့ လည်း​ကောင်း​ယိမ်း​ယိုင်​လျက်​နေ​လိမ့်​မည်။ ကမ္ဘာ လော​က​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ သ​ဖြင့် ပြို​လဲ​သွား​လိမ့်​မည်။ နောက်​တစ်​ဖန် ပြန်​၍​ထ​နိုင်​တော့​မည်​မ​ဟုတ်။


ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​မ​င်္ဂ​လာ​ရှိ​၏။ မိ​မိ ၏​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​များ​ဆောင်း ထား​သည့်​ပန်း​ဦး​ရစ်​များ​နွမ်း​သ​ကဲ့​သို့၊ ထို နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​သည်​ညှိုး​နွမ်း​လျက် နေ​၏။ ထို​ခေါင်း​ဆောင်​တို့​သည်​ဝင့်​ဝါ​မော်​ကြွား ကာ၊ မိ​မိ​တို့​ဦး​ခေါင်း​ကို နံ့​သာ​ဆီ​မွှေး​ကောင်း စွာ​လိမ်း​၍​ထား​ကြ​သော်​လည်း​သေ​သောက် ကြူး​ကာ​လဲ​၍​နေ​ကြ​၏။-


သင်​တို့​ပ​ထ​မ​အ​ဦး​ဆုံး​ဘိုး​ဘေး​ဖြစ် သူ​သည် အ​ပြစ်​ကူး​လွန်​ခဲ့​၏။ သင်​တို့​၏​ခေါင်း​ဆောင်​များ​က​ငါ့​ကို​ပြစ်​မှား ကြ​၏။


ဘု​ရင်​ပွဲ​ခံ​သော​နေ့​တွင်​ဘု​ရင်​နှင့်​မင်း​မှု ထမ်း​တို့​ကို​စ​ပျစ်​ရည်​တိုက်​၍​ယစ်​မူး​၍ ရူး​သွပ်​စေ​ကြ​၏။-


သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​တို့​အိမ်​နီး​ချင်း​တိုင်း​% ပြည်​များ​ကို​ရှုတ်​ချ​၍​အ​သ​ရေ​ဖျက်​ခဲ့​၏။ % သူ​တို့​အား​သေ​သောက်​ကြူး​များ​သ​ဖွယ်​ယိမ်း​% ထိုး​၍​နေ​စေ​ခဲ့​၏။-%


သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​မှု​အ​စား၊ အ​ရှက်​% ရ​ရန်​အ​လှည့်​ကြုံ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင်​% မူး​ယစ်​ကာ​အ​ရှက်​မဲ့​၍​နေ​လိမ့်​မည်။ ထာ​ဝ​ရ​% ဘု​ရား​သည်​သင်​တို့​အား အ​ပြစ်​ဒဏ်​စ​ပျစ်​% ရည်​ကို​ပင်​လျှင် ပြန်​၍​သောက်​စေ​တော်​မူ​လျက် % သင်​တို့​ဂုဏ်​အ​သ​ရေ​ရှိ​မှု​ကို​အ​ရှက်​ရ​မှု​% အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။-%


သို့​ရာ​တွင်​သင်​တို့​သည်​တံ​စိုး​လက်​ဆောင်​ရ ခဲ့​သော် အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​မ​ပေး​ဘဲ လွှတ်​ပစ်​ကာ၊ အ​ပြစ်​မဲ့​သူ​တို့​ကို​မူ​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​၍​မ​ပေး​ကြ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ