ငါသည်ခမည်းတော်၌တည်ရှိနေ၍ခမည်း တော်သည်လည်း ငါ၌တည်ရှိနေတော်မူသည် ကိုသင်မယုံသလော။ သင်တို့အားငါပြော သောစကားသည်ငါ့ကိုယ်ပိုင်စကားမဟုတ်။ ငါပြုသောအမှုတို့သည်ခမည်းတော်ပြု တော်မူသောအမှုများပင်ဖြစ်၏။-
ရှင်ယောဟန် 7:16 - Common Language Bible သခင်ယေရှုက ``ငါဟောပြောသွန်သင်သော တရားသည်ငါ၏တရားမဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်၏တရားဖြစ်၏။- Garrad Bible ယေရှုက ငါပေးသောဒေသနာသည်ငါ့ဒေသနာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူလိုက်သော အရှင်၏ဒေသနာတည်း။ Judson Bible ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါ၏သွန်သင်ချက်သည် ငါကိုယ်တိုင်၏သွန်သင်ချက်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏သွန်သင်ချက်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကြောင့် ယေရှုက “ငါဟောသော သွန်သင်ချက်သည် ငါ့ကိုယ်ပိုင်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောအရှင်၏ သွန်သင်ချက်ဖြစ်၏။ မြန်မာ ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။- |
ငါသည်ခမည်းတော်၌တည်ရှိနေ၍ခမည်း တော်သည်လည်း ငါ၌တည်ရှိနေတော်မူသည် ကိုသင်မယုံသလော။ သင်တို့အားငါပြော သောစကားသည်ငါ့ကိုယ်ပိုင်စကားမဟုတ်။ ငါပြုသောအမှုတို့သည်ခမည်းတော်ပြု တော်မူသောအမှုများပင်ဖြစ်၏။-
ငါ့ကိုမချစ်သောသူသည်ငါ့သွန်သင်ချက် ကိုမခံမယူတတ်။ သင်တို့ကြားရသောသွန် သင်ချက်သည်ငါ့သွန်သင်ချက်မဟုတ်။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်၏သွန် သင်ချက်ဖြစ်၏။
ကိုယ်တော်၏နှုတ်ကပတ်တရားတော်ကိုသူ တို့အားအကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်သည် လောကနှင့်မသက်ဆိုင်သကဲ့သို့သူတို့သည် လည်းမသက်ဆိုင်ကြပါ။ သို့ဖြစ်၍လောက သားတို့သည်သူတို့ကိုမုန်းကြပါ၏။-
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
အမှန်အကန်သင့်အားငါဆိုသည်ကား ငါတို့ သည်မိမိတို့သိသည့်အရာကိုပြောကြ၏။ မြင် သည့်အရာကိုသက်သေခံကြ၏။ သို့ရာတွင် ငါတို့၏သက်သေခံချက်ကိုသင်တို့လက် မခံကြ။-
ကောင်းကင်ဘုံမှကြွလာတော်မူသောအရှင် သည်အလုံးစုံတို့ထက်ကြီးမြတ်တော်မူ၏။ ကမ္ဘာမြေကြီးမှပေါက်ဖွားသူသည်ကမ္ဘာမြေ ကြီးသားဖြစ်၍ မြေကြီးနှင့်ဆိုင်သော အကြောင်းအရာများကိုပြောတတ်၏။-
``ငါသည်မိမိအလိုအလျောက်မည်သည့်အရာ ကိုမျှမပြုနိုင်။ ခမည်းတော်ဖော်ပြသည့်အတိုင်း သာလျှင်စီရင်ဆုံးဖြတ်၏။ ငါသည်ကိုယ့်အလို သို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုတော်သို့လိုက်သည်ဖြစ်၍ ငါ၏စီရင်ဆုံး ဖြတ်ချက်သည်မှန်ကန်၏။
ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲဆောင် တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကိုငါသည်နောက်ဆုံးသော နေ့၌သေခြင်းမှထမြောက်စေမည်။-
ထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။-
ခရစ်တော်၏တရားတော်ဘောင်အတွင်း၌ မနေဘဲ ထိုဘောင်ကိုကူးကျော်သူ၌ဘုရား သခင်မရှိ။ ထိုတရားတော်ဘောင်အတွင်း၌ နေသောသူဟူမူကားခမည်းတော်နှင့်သား တော်ပါရှိ၏။-
ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။-