ရှင်ယောဟန် 5:30 - Common Language Bible30 ``ငါသည်မိမိအလိုအလျောက်မည်သည့်အရာ ကိုမျှမပြုနိုင်။ ခမည်းတော်ဖော်ပြသည့်အတိုင်း သာလျှင်စီရင်ဆုံးဖြတ်၏။ ငါသည်ကိုယ့်အလို သို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုတော်သို့လိုက်သည်ဖြစ်၍ ငါ၏စီရင်ဆုံး ဖြတ်ချက်သည်မှန်ကန်၏။ အခန်းကိုကြည့်ပါ။Garrad Bible30 ငါသည်ကိုယ့်အလိုအလျောက်မည်သည်ကိုမျှမပြုနိုင်။ ကြားနာရသည့်အတိုင်းသာ စီရင်ဆုံးဖြတ်ရ၏။ ကိုယ့်အလိုကိုမရှာ။ စေလွှတ်တော်မူလိုက်သောအရှင်၏ အလိုကိုသာရှာသောကြောင့်၊ ငါ့စီရင်ချက်ဖြောင့်မှန်၏။ အခန်းကိုကြည့်ပါ။Judson Bible30 ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 ငါသည် ကိုယ့်ဆန္ဒအလျောက် မည်သည့်အရာကိုမျှမပြုနိုင်။ ငါသည် ကြားရသည့်အတိုင်းသာ တရားစီရင်၍ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာသောကြောင့် ငါ၏စီရင်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း30 ငါသည် မည်သည့်အမှုကိုမျှ မိမိသဘောဆန္ဒအလျောက် မပြုနိုင်။ ခမည်းတော်မိန့်တော်မူသည့်အတိုင်း ငါတရားစီရင်၏။ ငါ့တရားစီရင်ခြင်းသည် တရားမျှတ၏။ ငါသည် မိမိအလိုအတိုင်း မဆောင်ရွက်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်အတိုင်းဆောင်ရွက်သောကြောင့် ငါ့တရားစီရင်ခြင်းသည် မှန်ကန်၏။ အခန်းကိုကြည့်ပါ။မြန်မာ30 ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်သခင်ယေရှုက ယုဒအာဏာပိုင် တို့အား ``အမှန်အကန်သင်တို့အားငါဆို သည်ကားသားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြု တော်မူသည့်အမှုအရာများကိုတွေ့မြင်ရ သည့်အတိုင်းသာလျှင်ပြု၏။ ခမည်းတော်ပြု တော်မူသောအရာတို့ကိုသားတော်သည်ပြု တော်မူ၏။-
ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။
ထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။-
ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။