ရှင်ယောဟန် 1:2 - Common Language Bible နှုတ်ကပတ်တော်သည်အစအဦး၌ ဘုရားသခင်နှင့်အတူရှိတော်မူ၏။- Garrad Bible အစအဦး၌ပင်၊ ထို နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ Judson Bible ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း နှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ မြန်မာ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။- |
ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင် နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ်၏။ ရှေ့တော်၌ အစဉ် မပြတ် ကစားလျက်၊
သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။
ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-
ဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်း၍ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိ။-