သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ရှင်မာကု 14:21 - Common Language Bible ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရမည်။ သို့ရာတွင်လူသားအားရန်သူ့လက်သို့ အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့သာ၍ကောင်းသေး၏'' ဟု မိန့်တော်မူ၏။ Garrad Bible စပ် လျဉ်း သော ကျမ်း ချက် အ တိုင်း လူ့ သား သည် သွား ရ မည် မှန် သော် လည်း လူ့ သား ကို ပို့ အပ် သူ၌ အ မင်္ဂ လာ ရှိ၏။ ထို သူ မ ဖွား ခဲ့ လျှင် ကောင်း သည် ဟု မိန့် တော် မူ၏။ Judson Bible ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဖွားမြင်ခြင်းကို မခံရလျှင် အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း လူ့သားသည် မိမိနှင့်ပတ်သက်၍ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။ မြန်မာ ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဖွားမြင်ခြင်းကို မခံရလျှင် အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။ |
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါ၏ရန်သူများသည်သေနေ့မစေ့မီ သေရကြပါစေသော။ အရှင်လတ်လတ်သေရွာသို့သွားရကြပါစေသော။ သူတို့၏နေအိမ်များသည်ဆိုးညစ်မှုကြီးစိုးရာ ဌာနများဖြစ်ကြ၏။ သူတို့၏စိတ်နှလုံးသည်ဆိုးညစ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။
လူအများပင်သူ့ကိုတွေ့မြင်သောအခါ လိပ်ပြာလန့်၍သွားကြ၏။ သူသည်လွန်စွာရုပ်ပျက်ဆင်းပျက်ဖြစ်၍နေ သဖြင့် လူနှင့်ပင်မတူတော့။
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
သို့ရာတွင်ငါဤသို့ပြုပါမူကျမ်းစာလာသည် အတိုင်းအဘယ်သို့လျှင်ဖြစ်ပျက်တော့မည်နည်း'' ဟုမိန့်တော်မူ၏။
သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော် ကိုစွန့်ပစ်၍ပြေးကြ၏။
ကိုယ်တော်က ``ထိုသူသည်တစ်ကျိပ်နှစ်ပါးတွင် အပါအဝင်ဖြစ်၏။ ငါနှိုက်သောပန်းကန်တွင် နှိုက်၍စားသူဖြစ်၏။-
ကိုယ်တော်နှင့်တပည့်တော်တို့သည်ညစာစား နေကြစဉ်ကိုယ်တော်သည်မုန့်ကိုယူ၍ ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့်ကားငါ၏ကိုယ် ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟုမိန့်တော်မူ ပြီးလျှင်တပည့်တော်တို့အားဝေပေးတော် မူ၏။
ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် သင်တို့ ရှေ့မှာဟောပြောသွန်သင်ခဲ့၏။ သင်တို့ငါ့ကို မဖမ်းမဆီးခဲ့ကြ။ သို့ရာတွင်ကျမ်းစာလာ သည်အတိုင်းဖြစ်ပျက်ရမည်'' ဟုထိုသူတို့ အားမိန့်တော်မူ၏။
လူသားသည်ဘုရားသခင်ခွဲခန့်ထားတော်မူ သည်အတိုင်းအသေခံရန်အမှန်ပင်သွားရ မည်။ သို့သော်လူသားကိုရန်သူလက်သို့အပ် သောသူသည်အမင်္ဂလာရှိ၏'' ဟုမိန့်တော် မူ၏။
ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
ထိုအချိန်၌အမှုခပ်သိမ်းပြီးစီးပြီဖြစ် ကြောင်းကိုသခင်ယေရှုသိတော်မူသဖြင့် ကျမ်းစာတော်လာသည်အတိုင်းဖြစ်ပျက် စေရန်ကိုယ်တော်က ``ငါရေငတ်သည်'' ဟု မိန့်တော်မူ၏။
ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
ထိုနည်းတူစွာဟေရုဒ်မင်းနှင့်ပုန္တိပိလတ် မင်းတို့သည် လူမျိုးခြားများ၊ ဣသရေလ အမျိုးသားများနှင့်တကွ ကိုယ်တော်၏သန့်ရှင်း မြင့်မြတ်သောအစေခံဖြစ်သူ၊ မေရှိယအဖြစ် ကိုယ်တော်ဘိသိက်ပေးသူ သခင်ယေရှုကို ဆန့်ကျင်ဘက်ပြုရန်ဤမြို့ထဲတွင်စုဝေး ခဲ့ကြပါ၏။-