``သင်သည်လက်ဝဲဘက်သို့စောင်း၍အိပ်လော့။
၎င်း ပြင်၊ သင် သည် ဝဲ ဘက် သို့ စောင်း အိပ် လျက်၊ ဣ သ ရေ လ အ မျိုး သား တို့၏ ဒု စ ရိုက် ဝန် ကို နံ ပေါ် တွင် တင် လျက်၊ စောင်း အိပ် ရ သော နေ့ ရက် နှင့် အ မျှ၊ ချင်း တို့ ဒု စ ရိုက် ဝန် ကို ဆောင် လော့။
ထိုမှတစ်ပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ်၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထားလော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကိုခံရမည်။
ထို့နောက် သင်သည် လက်ဝဲဘက်သို့စောင်းအိပ်ပြီး အစ္စရေးအမျိုးအနွယ်၏အပြစ်ကို ခံယူလော့။ သင်စောင်းအိပ်သည့်နေ့ရက်ပေါင်းသည် သူတို့၏အပြစ်ကို သင်ခံယူသောနေ့ရက်ဖြစ်၏။
ဣသရေလအမျိုးသားတို့၏အပြစ်ကို သင်၏အပေါ်သို့ငါတင်မည်။ သင်သည်ယင်း သို့အိပ်လျက်သူတို့၏အပြစ်ကိုခံရသည့် အနေဖြင့် ရက်ပေါင်းသုံးရာကိုးဆယ်တိုင်တိုင် နေရမည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့ အပြစ်ဒဏ်ခံရမည့်နှစ်တစ်နှစ်လျှင်တစ်ရက် နှုန်းဖြင့်သင့်အားခံစေရန် ငါစီရင်ချက်ချ မှတ်ထားပြီဖြစ်သောကြောင့်တည်း။-
ထိုမြို့ကိုဝိုင်းရံမှုပြီးဆုံးချိန်တိုင်အောင် သင်သည်တစ်ဘက်မှအခြားတစ်ဘက်သို့ မလှည့်နိုင်စေရန် ငါသည်သင့်ကိုချည်နှောင် ထားမည်။
``သင်တို့သည်အဘယ်ကြောင့်ထိုယဇ်ကောင်၏ အသားကို သန့်ရှင်းရာဌာနတွင်မစားကြ သနည်း။ အပြစ်ဖြေရာယဇ်သည်အထူးပူ ဇော်သောပူဇော်သကာဖြစ်၍ ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏အပြစ် ကိုဖြေရန်အတွက် သင်တို့အားထိုယဇ် ကောင်အသားကိုပေးတော်မူပြီ။-
ဤနည်းအားဖြင့်ဆိတ်သည်လူသူကင်းမဲ့သော အရပ်သို့ လူ၏ဒုစရိုက်အပြစ်ရှိသမျှတို့ ကိုသယ်ဆောင်သွားလိမ့်မည်။
သင်တို့ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့ သောရက်ပေါင်းလေးဆယ်အတွက် တစ်ရက်လျှင် တစ်နှစ်ကျဖြင့်သင်တို့၏အပြစ်ဒဏ်ကိုနှစ် ပေါင်းလေးဆယ်ခံရကြမည်။ သင်တို့သည်ငါ ၏ပစ်ပယ်ခြင်းဒဏ်ကိုခံရကြလိမ့်မည်။-
ထာဝရဘုရားကအာရုန်အား``သင်နှင့်တကွ သင်၏သားများနှင့်လေဝိအနွယ်ဝင်တို့သည် ငါစံတော်မူရာတဲတော်နှင့်ဆိုင်သောဝတ်ကို ဆောင်ရွက်ရာ၌ မှားယွင်းချွတ်ချော်ခဲ့သော် အပြစ်ဒဏ်ကိုသင်တို့ခံရကြမည်။ သို့ရာ တွင်ယဇ်ပုရောဟိတ်တာဝန်ကိုထမ်းဆောင် ရာ၌မှားယွင်းချွတ်ချော်ခဲ့လျှင်မူကား သင် နှင့်သင်၏သားတို့သာအပြစ်ဒဏ်ကို ခံရကြမည်။-
ဤသို့လျှင် ``ကိုယ်တော်သည်ငါတို့၏အဖျားအနာ များနှင့်ရောဂါဝေဒနာများကိုဆောင်ယူသွား တော်မူ၏'' ဟူ၍ ပရောဖက်ဟေရှာယဟောခဲ့သည့် စကားအတိုင်းဖြစ်ပျက်၍လာသတည်း။
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-