ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊
ယေဇကျေလ 18:2 - Common Language Bible ကိုယ်တော်က ``မိဘတို့စပျစ်ချဉ်သီးကိုသုံးဆောင်ခြင်း ကြောင့်၊ သားသမီးများသွားကျိန်းရကြ၏'' ဟူသောစကားပုံကိုဣသရေလအမျိုး သားတို့ ထပ်ကာထပ်ကာပြောဆိုနေကြရာ ၌အဘယ်သို့ဆိုလိုသနည်း။'' Garrad Bible ဘိုး ဘေး တို့ သည်၊ ချဉ် သော စ ပျစ် သီး ကို သုံး ဆောင် ခြင်း ကြောင့်၊ သား မြေး တို့ သွား ကျိန်း ခံ ရ ကြ သည် ဟူ သော စ ကား ပုံ ကို၊ ဣ သ ရေ လ ပြည်၌ အ ဘယ့် ကြောင့် သုံး ကြ သ နည်း။ Judson Bible အဘတို့သည် ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကိုသုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။ မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးပြည်နှင့်ပတ်သက်ပြီး ‘ဖခင်တို့က ချဉ်သောစပျစ်သီးကိုစား၍ သားတို့က သွားကျိန်း၏’ဟု သင်တို့ပြောဆိုသော ဤစကားပုံကား မည်သို့နည်း။ |
ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
ယုဒပြည်တွင်ဟေဇကိ၏သားမနာရှေမင်း ပြုစဉ်အခါကယေရုရှလင်မြို့တွင်ပြုကျင့် ခဲ့သည့်အမှုကြောင့် ငါသည်ကမ္ဘာပေါ်ရှိလူ အပေါင်းတို့အားထိုသူတို့ကိုမြင်၍ထိတ် လန့်တုန်လှုပ်စေမည်။
ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အပြစ် ကူးပြီးနောက်သေလွန်သွားကြသဖြင့် ကျွန်တော်မျိုးတို့သည်သူတို့၏အပြစ်ဝန်ကို ထမ်းရကြပါ၏။
ကိုယ်တော်က``အချင်းလူသား၊ အဘယ်ကြောင့် ဣသရေလအမျိုးသားတို့သည်`အချိန်သာ ကုန်လွန်၍ဗျာဒိတ်ရူပါရုံများကားအ ကောင်အထည်မပေါ်လာ' ဟူသောစကားပုံ ကိုအဖန်တလဲလဲသုံးစွဲနေကြသနည်း။-
ထာဝရဘုရားက``အို ယေရုရှလင်မြို့၊ လူ တို့သည်သင်၏အကြောင်းနှင့်ပတ်သက်၍`အမိ စရိုက်သမီးလိုက်' ဟူသောစကားပုံကို သုံးစွဲကြလိမ့်မည်။-
``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကိုသိကြ သလောဟု ထိုပုန်ကန်တတ်သည့်သူတို့အားမေး မြန်းလော့။ ဗာဗုလုန်မင်းသည်ယေရုရှလင်မြို့ သို့လာ၍ ဘုရင်နှင့်တကွမှူးမတ်အပေါင်းတို့ ကိုဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားသည့်အ ကြောင်းကိုသူတို့အားပြောပြလော့။-
``သို့ရာတွင်သင်တို့က`သားဖြစ်သူသည် အဘယ်ကြောင့်ဖခင်ပြုခဲ့သည့်အပြစ်များ ၏အကျိုးဆက်ကိုမခံရပါသနည်း' ဟု မေးကြ၏။ အဖြေကားသားသည်ကောင်းရာ မှန်ရာကိုပြုသူဖြစ်၏။ သူသည်ငါ၏ပညတ် တော်တို့ကိုစောင့်ထိန်း၍အသေအချာလိုက် နာ၏။ သို့ဖြစ်၍သူသည်မုချအသက်ရှင် လိမ့်မည်။-
``ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်သည်နှင့်အညီ ဣသရေလနိုင်ငံတွင် ဤစကားပုံကိုနောက်တစ်ဖန်သုံးစွဲရ တော့မည်မဟုတ်။-
ထိုပြည်သူတို့အားငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကိုနားထောင်ကြလော့၊ အရှင် ထာဝရဘုရားဤသို့မိန့်တော်မူ၏။ သင်တို့ သည်ငါ၏ဗိမာန်တော်ညစ်ညမ်းသွားသည် ကိုလည်းကောင်း၊ ဣသရေလပြည်ပျက်ပြုန်း သွားခြင်း၊ ယုဒအမျိုးသားတို့ပြည်နှင်ဒဏ် သင့်ကြခြင်းကိုမြင်သောအခါဝမ်းမြောက် ကြ၏။-
ဘုရားသခင်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ထိုအရိုးများနှင့်တူ ကြ၏။ သူတို့ကငါတို့သည်သွေ့ခြောက်လျက် သေ၍နေလေပြီ။ အနာဂတ်အတွက်မျှော် လင့်စရာမရှိတော့ဟုဆိုကြ၏။-
ထိုအခါငါအရှင်ထာဝရဘုရားသည် ဧဖရိမ်ကိုင်ထားသည့်ယောသပ်၏တုတ်နှင့် ဣသရေလအမျိုးအနွယ်နှင့်သူ၏အပေါင်း ပါတို့ကိုယူလျက် ယုဒနိုင်ငံ၏တုတ်တစ် ချောင်းနှင့်အတူထား၍ တစ်ချောင်းတည်း ဖြစ်သောတုတ်ကိုငါကိုင်ထားတော်မူမည် ဖြစ်ကြောင်းသူတို့အားပြောကြားလော့။
သူတို့သည်မိမိတို့ဘိုးဘေးများနေထိုင် ခဲ့ကြသည့်ပြည်တည်းဟူသောငါ၏အစေ ခံယာကုပ်အား ငါပေးအပ်သည့်ပြည်တွင် နေထိုင်ရကြလိမ့်မည်။ သူတို့နည်းတူသူ တို့၏သားသမီးများနှင့်အဆက်အနွယ် အပေါင်းတို့သည်ထိုပြည်တွင်အစဉ်အမြဲ နေထိုင်ရကြလိမ့်မည်။ ငါ၏အစေခံဒါဝိဒ် ကဲ့သို့သောဘုရင်သည်သူတို့ကိုအစဉ် အုပ်စိုးလိမ့်မည်။-
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သူပြည်သားတို့အား ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား``နိုင်ငံတစ်ခု လုံးပျက်သုဉ်းရာအချိန်ကျပြီ။
ဤအမှုအရာအပေါင်းတို့အတွက်ဤခေတ် လူတို့သည်အပြစ်ဒဏ်ခံရကြလိမ့်မည်ဟု အမှန်အကန်သင်တို့အားငါဆို၏။''
မိတ်ဆွေ၊ သင်သည်အဘယ်သူဖြစ်၍ဘုရား သခင်အားဤသို့လျှောက်ထားနိုင်သနည်း။ အဖန်ဆင်းခံကဖန်ဆင်းတော်မူရှင်အား``အရှင် သည်အဘယ်ကြောင့်အကျွန်ုပ်အားဤသို့ ဖန်ဆင်းတော်မူပါသနည်း'' ဟုမေးနိုင်မည် လော။-