Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 37:19 - Common Language Bible

19 ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် ဧ​ဖ​ရိမ်​ကိုင်​ထား​သည့်​ယော​သပ်​၏​တုတ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​နှင့်​သူ​၏​အ​ပေါင်း ပါ​တို့​ကို​ယူ​လျက် ယု​ဒ​နိုင်​ငံ​၏​တုတ်​တစ် ချောင်း​နှင့်​အ​တူ​ထား​၍ တစ်​ချောင်း​တည်း ဖြစ်​သော​တုတ်​ကို​ငါ​ကိုင်​ထား​တော်​မူ​မည် ဖြစ်​ကြောင်း​သူ​တို့​အား​ပြော​ကြား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19-20 အ က္ခ ရာ တင် ပြီး သော တုတ် နှစ် ချောင်း ကို၊ ၎င်း တို့ ရှေ့ စွဲ ကိုင် လျက် နေ သော သင် က၊ ငါ သည်၊ ဧ ဖ ရိမ် အ မျိုး၏ လက် ရှိ၊ ယော သပ် အ မျိုး နှင့် အ ပေါင်း အ ပါ ဣ သ ရေ လ အ နွယ် သား တို့ တည်း ဟူ သော တုတ် ယူ၍၊ ယု ဒ အ မျိုး တည်း ဟူ သော တုတ် နှင့် ပူး ထား လျက်၊ လက် တော် တွင် တုတ် တစ် ချောင်း တည်း ဖြစ် စေ မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ဧ​ဖ​ရိမ်​ကိုင်​သော ယော​သပ်၏​တုတ်​နှင့်၊ သူ၏​အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​ကို ငါ​ယူ၍ ယု​ဒ​တုတ်​နှင့်​အ​တူ ပူး​ထား​ပြီး​လျှင်၊ တစ်​ချောင်း​တည်း​ဖြစ်​သော တုတ်​ကို ငါ​လက်​စွဲ​မည်​ဟု ဆင့်​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သူ​တို့​အား ‘​ဘုရားရှင်​ထာဝရဘုရား​က ဧဖရိမ်​ကိုင်​ထား​သော ယောသပ်​နှင့် ယောသပ်​၏​အပေါင်းအဖော် အစ္စရေး​အမျိုးအနွယ်​တို့​၏​တုတ်​ကို​ယူ​၍ ယုဒ​၏​တုတ်​နှင့် ပူးကိုင်​ထား​ပြီး တစ်​ချောင်း​တည်း​ဖြစ်​စေ​မည်​။ ငါ့​လက်​ထဲတွင် တစ်ချောင်းတည်း​ဖြစ်​မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြော​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 37:19
8 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​သည်​ယု​ဒ​နှင့်​ပေါင်း​၍​လူ​တို့ နှင့်​အ​တူ​မြောက်​အ​ရပ်​မှ သင်​တို့​ဘိုး​ဘေး များ​အား​ငါ​အ​ပိုင်​ပေး​အပ်​ခဲ့​သည့်​ပြည် သို့​လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​ပြော​ကြား စေ​တော်​မူ​၏။


ယင်း​သို့​ပြု​သည်​မှာ​အ​ဘယ်​သို့​အ​ဋ္ဌိပ္ပါယ် ရှိ​ပါ​သ​နည်း​ဟု သင်​၏​အ​မျိုး​သား​တို့ က​မေး​မြန်း​ကြ​လိမ့်​မည်။-


``သင်​ရေး​မှတ်​ထား​သော​တုတ်​နှစ်​ချောင်း​ကို လူ​များ​မြင်​သာ​အောင်​လက်​တွင်​ကိုင်​ထား လော့။-


``ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​ကြံ့​ခိုင် စေ​၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ကယ်​တင်​မည်။ ငါ​သည်​သူ​တို့​အား​က​ရု​ဏာ​ထား​၍၊မိ​မိ တို့ နေ​ရင်း​ဌာ​နေ​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ မည်။ သူ​တို့​သည်​ငါ​၏​ပစ်​ပယ်​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ခံ​ရ​ဘူး​သူ​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​မည်။


သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ