ယေဇကျေလ 37:11 - Common Language Bible11 ဘုရားသခင်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ထိုအရိုးများနှင့်တူ ကြ၏။ သူတို့ကငါတို့သည်သွေ့ခြောက်လျက် သေ၍နေလေပြီ။ အနာဂတ်အတွက်မျှော် လင့်စရာမရှိတော့ဟုဆိုကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 တစ် ဖန် ကိုယ် တော် က၊ အ ချင်း လူ့ သား၊ ဤ အ ရိုး များ ကား၊ ငါ တို့ သည် အ ရိုး သွေ့ ခြောက်၍၊ စောင့် မြော် ရာ အ ကြောင်း ပျက် လျက်၊ တိမ် ကော ခဲ့ လေ စွ ဟု၊ ဆို တတ် သော ဣ သ ရေ လ တစ် မျိုး လုံး ဖြစ် သည် ကို ထောက် ၍၊ သင် ဟော ပြော ဆင့် ဆို ရ မည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible11 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မျှော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ဘုရားရှင်ထာဝရဘုရားက “အချင်းလူသား၊ ဤအရိုးတို့သည် အစ္စရေးအမျိုးအနွယ် တစ်မျိုးနွယ်လုံးဖြစ်၏။ သူတို့က ‘ငါတို့၏အရိုးသည် ခြောက်သွေ့လျက်ရှိ၏။ ငါတို့၏မျှော်လင့်ချက် ကုန်ဆုံးပြီ။ ငါတို့သည် ဖယ်ထုတ်ခြင်းခံရလေပြီ’ဟု ပြောဆိုတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်း လူသား'' ``ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာသင်တို့က`ငါတို့သည်မိမိ တို့အပြစ်များ၊ မိမိတို့ပြုသောအမှားများ ဖြင့်ဝန်လေးပင်ပန်းလျက်ရှိကြ၏။ ငါတို့ သည်အားလျော့နွမ်းနယ်လျက်နေကြ၏။ အဘယ်သို့လျှင်ငါတို့အသက်ရှင်နိုင် ကြပါမည်နည်း' ဟုဆိုကြ၏။-
ယုဒပြည်သားတို့နှင့်ဣသရေလပြည် သားတို့သည်ပြန်လည်ပေါင်းစည်းကြလိမ့် မည်။ သူတို့သည်သူတို့အတွက်ခေါင်းဆောင် တစ်ဦးကိုရွေးကောက်တင်မြှောက်ကြလိမ့် မည်။ သူတို့သည်မိမိတို့နိုင်ငံတွင်ကြီးပွား တိုးတက်လာကြလိမ့်မည်။ ယေဇရေလနေ့ သည်နေ့ကြီးရက်ကြီးဖြစ်လိမ့်မည်'' ဟုမိန့် တော်မူ၏။