ယေဇကျေလ 37:25 - Common Language Bible25 သူတို့သည်မိမိတို့ဘိုးဘေးများနေထိုင် ခဲ့ကြသည့်ပြည်တည်းဟူသောငါ၏အစေ ခံယာကုပ်အား ငါပေးအပ်သည့်ပြည်တွင် နေထိုင်ရကြလိမ့်မည်။ သူတို့နည်းတူသူ တို့၏သားသမီးများနှင့်အဆက်အနွယ် အပေါင်းတို့သည်ထိုပြည်တွင်အစဉ်အမြဲ နေထိုင်ရကြလိမ့်မည်။ ငါ၏အစေခံဒါဝိဒ် ကဲ့သို့သောဘုရင်သည်သူတို့ကိုအစဉ် အုပ်စိုးလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ကျွန် တော် ရင်း ယာ ကုပ် အား ငါ ပေး သည့် အ တိုင်း၊ ဘိုး ဘေး တို့ နေ ထိုင် ခဲ့ သော ပြည် တွင်၊ သား၊ မြေး၊ မြစ် အ ဆက် ဆက် နေ ထိုင် ကြ မည့် ပြင်၊ ကျွန် တော် ရင်း ဒါ ဝိဒ် သည် အ စဉ် မ ပြတ် အုပ် စိုး မည်။ အခန်းကိုကြည့်ပါ။Judson Bible25 ငါ၏ကျွန်ယာကုပ်အားငါပေး၍၊ သင်တို့ ဘိုးဘေးများနေဖူးသော ပြည်၌ သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ငါ၏အစေအပါးယာကုပ်အား ငါပေး၍ ဘိုးဘေးတို့နေထိုင်ခဲ့ဖူးသောပြည်၌ နေထိုင်ကြရလိမ့်မည်။ သူတို့နှင့် သူတို့၏သားသမီးမြေးမြစ်တို့သည် ထိုပြည်တွင် အစဉ်အမြဲနေထိုင်ကြရ၍ ငါ၏အစေအပါးဒါဝိဒ်သည် သူတို့ကို အစဉ်အုပ်စိုးမည်။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ငါ၏လူမျိုးတော် ဣသရေလအမျိုးသားများနှင့်ယုဒအမျိုး သားများအား ငါပြန်လည်ထူထောင်ပေးမည့် အချိန်ကျရောက်လာတော့မည်ဖြစ်သောကြောင့် တည်း။ ငါသည်သူတို့ကိုမိမိတို့ဘိုးဘေးများ အား ငါပေးအပ်ခဲ့သည့်ပြည်သို့ပြန်လည်ခေါ် ဆောင်ခဲ့မည်ဖြစ်၍ သူတို့သည်ထိုပြည်ကိုတစ် ဖန်ပြန်၍ပိုင်ဆိုင်ရကြပေတော့အံ့။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
အရှင်ထာဝရဘုရားက``ကွဲလွင့်လျက် နေရာနိုင်ငံများမှ ဣသရေလအမျိုးသား တို့အားတစ်ဖန်ပြန်၍ငါစုသိမ်းမည်။ ငါ သည်သန့်ရှင်းမြင့်မြတ်တော်မူကြောင်းလူ မျိုးတကာတို့သိရှိကြလိမ့်မည်။ ဣသ ရေလအမျိုးသားတို့သည်မိမိတို့ကိုယ် ပိုင်ပြည်၊ ငါ၏အစေခံယာကုပ်အားငါ ပေးအပ်သည့်ပြည်၌နေရကြလိမ့်မည်။-
ငါသည်အသတ်ခံခဲ့ရကြသူများအတွက် လက်စားချေမည်။ အပြစ်ရှိသူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ သို့ရာတွင်ယုဒပြည်နှင့်ယေရုရှလင်မြို့ကိုမူကား၊ ထာဝစဉ်လူတို့နေထိုင်ရာဖြစ်စေမည်။ ငါထာဝရဘုရားသည်လည်းဇိအုန်တောင်ပေါ် တွင် ကျိန်းဝပ်တော်မူမည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောလစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
သို့ဖြစ်၍အာဗြဟံသည်မိမိသိမ်းယူရရှိခဲ့ သည့်ဥစ္စာပစ္စည်းများ၏ဆယ်ပုံတစ်ပုံကိုသူ့အား ပေးလှူ၏။ (မေလခိဇေဒက်ဟူသောနာမည်၏ အနက်အဋ္ဌိပ္ပါယ်မှာ``တရားမင်း'' ဟူ၍ဖြစ်၏။ သူသည်ရှာလင်မြို့၏မင်းလည်းဖြစ်သဖြင့် သူ၏နာမည်သည်``ငြိမ်းချမ်းရေးဘုရင်'' ဟု လည်းအနက်အဋ္ဌိပ္ပါယ်ရလေသည်။-)