ထိပ်ဆုံးမှအညွန့်အဖျားကိုချိုးယူ၍ ရောင်း ဝယ်ဖောက်ကားသည့်နိုင်ငံသို့ယူဆောင်ကာ ကုန်သည်တို့မြို့တွင်စိုက်ပျိုး၏။-
မြင့် ရာ အ တက် များ ကို ဆိတ် ယူ၍၊ ရောင်း ဝယ် ဖောက် ကား သော ပြည် သို့ ဆောင် သွား ပြီး လျှင်၊ ကုန် သည် တို့ မြို့ တွင် ထား လေ ၏။
အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌စိုက်လေ၏။
ထိပ်ဖျားအညွန့်တို့ကိုချိုး၍ ကုန်သွယ်ရာပြည်သို့ ချီယူသွားပြီးလျှင် ကုန်သည်တို့မြို့၌ စိုက်ထား၏။
ယေခေါနိမင်းသည်မိမိ၏မယ်တော်၊ သားတော် များ၊ တပ်မှူးများ၊ နန်းတော်အရာရှိများနှင့်တကွ ဗာဗုလုန်အမျိုးသားတို့ထံတွင်အညံ့ခံတော် မူရ၏။ နေဗုခဒ်နေဇာသည်မိမိ၏နန်းစံရှစ်နှစ် မြောက်၌ယေခေါနိကိုသုံ့ပန်းအဖြစ်ဖမ်းဆီး ၍၊-
ဣသရေလအမျိုးသားတို့အားသန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊ သင်တို့ကိုကယ်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အားကယ်ရန်စစ်သည်ဗိုလ်ခြေ တို့ကို ဗာဗုလုန်ပြည်သို့စေလွှတ်မည်။ မြို့တံခါးများကိုငါဖျက်ချမည်။ မြို့သူမြို့သားတို့၏ကြွေးကြော်သံသည် ငိုကြွေးသံအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။
သင်တစ်သက်လုံးတိုင်ပင်ခဲ့သည့်နက္ခတ်ဆရာ တို့၏ အကြံပေးချက်သည်လည်း၊ ဤအတိုင်းပင်သင့်အားဖြစ်စေလိမ့်မည်။ ထိုသူအပေါင်းတို့သည်သင့်ကိုထားခဲ့၍ မိမိတို့သွားလိုရာသို့ထွက်သွားကြလိမ့်မည်။ သင့်ကိုကယ်ရန်မည်သူတစ်ယောက်မျှကျန်ရစ်ခဲ့ လိမ့်မည်မဟုတ်။''
ထာဝရဘုရားသည် ဗိမာန်တော်ရှေ့တွင်ချ ထားသည့်သင်္ဘောသဖန်းသီးတောင်းနှစ်လုံး ကိုငါ့အားပြတော်မူ၏။ (ဤအချိန်အခါ မှာဗာဗုလုန်ဘုရင်၊ နေဗုခဒ်နေဇာသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိ အားယုဒခေါင်းဆောင်များ၊ လက်မှုပညာသည် များနှင့်ကျွမ်းကျင်သူအလုပ်သမားများ နှင့်အတူဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ် ဆောင်သွားပြီးသောအခါဖြစ်၏။-)
ဗာဗုလုန်မြို့သည်မြစ်များနှင့်ပစ္စည်းဘဏ္ဍာ ပေါများကြွယ်ဝသောမြို့ဖြစ်သော်လည်း ပျက် စီးရန်အချိန်စေ့ပြီဖြစ်သဖြင့်ယင်း၏အသက် သွေးကြောပြတ်၍သွားတော့၏။-
ထိုနောက်သူသည်ဣသရေလနိုင်ငံတွင်ရှိသည့် သစ်စေ့တစ်စေ့ကိုယူ၍ မိုးမခပင်ကဲ့သို့ ပေါက်နိုင်ရန် ရေအစဉ်ရ၍မြေကောင်းမြေ သန့်ရှိရာကွင်းတွင်စိုက်ပျိုး၏။-
အာရှုရိလူမျိုးတို့ကိုကြည့်လော့။ သူတို့ သည် လေဗနုန်တောမှအာရစ်ပင်နှင့်တူကြ၏။ ထိုအပင်သည်မိုးတိမ်ထိအောင်မြင့်မား၍ ဝေဆာသောအကိုင်းအခက်များဖြင့် လှပတင့်တယ်၏။
အဘယ်ကြောင့်ဆိုသော်လူမျိုးအပေါင်းတို့သည် ထိုမြို့၏ကာမဂုဏ်လိုက်စားမှုတည်းဟူသော မူးယစ်စေသည့်စပျစ်ရည်ကိုသောက်ခဲ့ကြ သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်ရှိရှင်ဘုရင်အ ပေါင်းတို့သည်ဗာဗုလုန်မြို့နှင့်အတူ ကာမ ဂုဏ်ကိုလိုက်စားခဲ့ကြလေပြီ။ ကမ္ဘာပေါ်ရှိ ကုန်သည်တို့သည်လည်းထိုမြို့၏တရားလွန် ကာမဂုဏ်စည်းစိမ်ခံစားမှုကိုအကြောင်း ပြု၍ချမ်းသာကြွယ်ဝကြလေပြီ'' ဟု ကြွေးကြော်လေ၏။