ယေဇကျေလ 17:5 - Common Language Bible5 ထိုနောက်သူသည်ဣသရေလနိုင်ငံတွင်ရှိသည့် သစ်စေ့တစ်စေ့ကိုယူ၍ မိုးမခပင်ကဲ့သို့ ပေါက်နိုင်ရန် ရေအစဉ်ရ၍မြေကောင်းမြေ သန့်ရှိရာကွင်းတွင်စိုက်ပျိုး၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ထို တော ရှိ မျိုး အ နက် ရွေး ကောက် လျက်၊ ကောင်း သော မြေ၌ စိုက် ပျိုး ခြင်း၊ ရေ များ ရာ အ ရပ်၌ မိုး မ ခ ပင် ကဲ့ သို့ ပြောင်း ထား ခြင်း ပြု သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible5 မျိုးစေ့ကိုလည်းယူ၍ ရေများရာလယ်ကွက်၌ ပျိုးလျက်၊ မိုးမခပင်ကဲ့သို့ ထားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထိုပြည်မှ မျိုးစေ့အချို့ကိုယူပြီး ရေဝသောမြေပေါ်မှာ စိုက်ထားသောမိုးမခပင်ကဲ့သို့ မြေဩဇာကောင်းသောမြေတွင် စိုက်ထား၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သူသည်ထိုဘုရင်၏ဆွေတော်မျိုး တော်တစ်ဦးကိုခေါ်ယူ၍ ငြိမ်းချမ်းရေးစာ ချုပ်ကိုချုပ်ဆိုပြီးလျှင်သူ့အားကျမ်းသစ္စာ ကျိန်ဆိုစေ၏။ ဣသရေလနိုင်ငံနှိမ့်ချခံရ လျက် ဣသရေလအမျိုးသားတို့နောက်တစ် ဖန်မပုန်ကန်နိုင်ကြစေရန်နှင့်၊ ငြိမ်းချမ်းရေး စာချုပ်ကိုလိုက်နာစောင့်ထိန်းခြင်းအားဖြင့် သာရှင်သန်နိုင်ကြစေရန် အရေးပါအရာ ရောက်သူများကိုဋ္ဌားစာခံအဖြစ်ဖြင့် ခေါ်ဆောင်သွား၏။-
အပင်ငယ်သည်ရွက်နုများထွက်လာကာနိမ့် နိမ့်နှင့်အကိုင်းအခက်များဖြာ၍ထွက်လာ သောစပျစ်နွယ်ပင်ဖြစ်လာလေသည်။ ထို အပင်၏အကိုင်းအခက်တို့သည်လင်းယုန် ငှက်ရှိရာသို့တက်လျက်အမြစ်များသည် လည်းအောက်သို့နက်စွာဆင်းသွားကြ၏။ စပျစ်ပင်သည်အကိုင်းအခက်တို့ဖြင့် ဝေဆာလျက်နေ၏။