ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။
ယေဇကျေလ 10:3 - Common Language Bible သူဝင်လာသောအခါသတ္တဝါတို့သည်ဗိမာန် တော်၏တောင်ဘက်တွင်ရပ်နေကြ၏။ ဗိမာန် တော်အတွင်းတံတိုင်းသည်လည်းမိုးတိမ် ဖြင့်ပြည့်၏။- Garrad Bible ဝင် သွား သည့် အ ခိုက်၊ ခေ ရု ဗ တို့ သည်၊ ဗိ မာန် တော် တောင် ဘက်၌ ရပ် နေ လျက်၊ တိမ် တိုက် လည်း၊ အ တွင်း တံ တိုင်း ပြည့် လျက် ရှိ၏။ Judson Bible ဝင်သောအခါ ခေရုဗိမ်တို့သည် အိမ်တော် လက်ယာဘက်မှာရပ်၍၊ အတွင်းတံတိုင်းသည် မိုးတိမ်နှင့်ပြည့်၏။ မြန်မာ့စံမီသမ္မာကျမ်း ခေရုဗိမ်တို့သည် အိမ်တော်တောင်ဘက်တွင် ရပ်နေ၏။ ထိုသူဝင်သွားသောအခါ အတွင်းဝင်းတစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ |
ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။
အဖုံးအစွန်းတစ်ဘက်စီတွင်ရွှေခေရုဗိမ် နှစ်ပါးကိုရွှေစင်ဖြင့်ထုလုပ်ရမည်။ ထိုခေရု ဗိမ်ရုပ်တုများသည် အဖုံးနှင့်တစ်သားတည်း ရှိစေရမည်။-
တောက်ပသောဘုန်းအသရေတော်သည် အရှေ့မုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော် ထဲသို့ဝင်တော်မူ၏။
အရှင်ထာဝရဘုရားက``တံတိုင်းအတွင်း ဝင်းသို့ဝင်ရာအရှေ့မုခ်ပေါက်ကိုအလုပ် လုပ်သောရက်ခြောက်ရက်ပတ်လုံးပိတ်ထား ရမည်။ သို့ရာတွင်ထိုမုခ်ပေါက်ကိုဥပုသ် နေ့နှင့်လဆန်းနေ့၌ဖွင့်ထားရမည်။-
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။
သူသည်လက်နှင့်တူသောအရာကိုဆန့်၍ငါ၏ဦးဆံကိုဆွဲကိုင်လိုက်၏။ ထိုနောက်ဤဗျာဒိတ်ရူပါရုံထဲ၌ဝိညာဉ်တော်သည်ငါ့အားလေထဲသို့ချီပင့်ပြီးလျှင် ယေရုရှလင်မြို့ဗိမာန်တော်မြောက်မျက်နှာတံခါးဝသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနေရာတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုတစ်ခုရှိသတည်း။
ထိုအခါဣသရေလအမျိုးသားတို့ ကိုး ကွယ်သောဘုရားသခင်၏တောက်ပသော ဘုန်းအသရေတော်သည် ကျိန်းဝပ်တော်မူ ရာခေရုဗိမ်များမှလျှံတက်လျက်ဗိမာန် တော်အဝင်ဝသို့ရွေ့လျားသွားတော်မူ၏။ ထာဝရဘုရားသည်ပိတ်ချောထည်ကိုဝတ် ဆင်ထား၍ စာရေးကိရိယာကိုယူဆောင် လာသူအားခေါ်တော်မူ၍၊-