ရှိမောင်နှင့်လေဝိတို့သည်ညီအစ်ကိုဖြစ် ကြ၏။ သူတို့သည်လက်နက်များကိုအသုံးပြု ကာ အကြမ်းဖက်မှုပြုခဲ့ကြလေပြီ။
ယောရှု 21:8 - Common Language Bible ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည့်အတိုင်းဣသရေလအမျိုး သားတို့သည်မဲချ ၍ဤမြို့များနှင့်စားကျက်များကိုလေဝိ အနွယ်ဝင်တို့အတွက်သတ်မှတ်ပေးလေသည်။ Garrad Bible မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း၊ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ဆို အံ့ သော ဝ တ္ထု ကံ မြို့ များ နှင့် စား ကျက် ပါ လေ ဝိ ဂိုဏ်း သား တို့ အား မဲ ချ ၍ ပေး ကြ ၏။ Judson Bible ထာဝရဘုရားသည် မောရှေအားဖြင့်မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု၍ ထိုမြို့တို့ကိုမြို့နယ်နှင့်တကွ လေဝိသားတို့အားပေးကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် မောရှေအား ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးအမျိုးသားတို့က လေဝိအမျိုးတို့အား မြို့များနှင့် စားကျက်မြေများကို မဲချခွဲဝေပေးလေ၏။ |
ရှိမောင်နှင့်လေဝိတို့သည်ညီအစ်ကိုဖြစ် ကြ၏။ သူတို့သည်လက်နက်များကိုအသုံးပြု ကာ အကြမ်းဖက်မှုပြုခဲ့ကြလေပြီ။
သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။ မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။
စာရေးတံတို့ကို အိတ်ထဲ၌ လောင်းလျက်ရှိရာ တွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။
ဣသရေလအနွယ်များနှင့်သားချင်းစု အသီးသီးတို့အား ထိုပြည်ကိုမဲချ၍ခွဲ ဝေပေးရမည်။ သားချင်းစုဦးရေအနည်း အများအလိုက် မြေကိုအချိုးချခွဲဝေ ပေးရမည်။-
ဤမြို့များသည်လေဝိအနွယ်ဝင်တို့အတွက် ဖြစ်၍ သူတို့သည်ထိုမြို့များတွင်နေထိုင်ရ ကြမည်။ စားကျက်မြေသည်သူတို့၏နွား များနှင့်အခြားတိရစ္ဆာန်တို့အတွက်ဖြစ် သည်။-
နယ်မြေခုနစ်ပိုင်းတို့ကိုပိုင်းခြားရေးသား ၍ငါ့ထံသို့တင်သွင်းလော့။ ထိုနောက်ငါသည် ငါတို့၏ဘုရားသခင်ထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေခြင်းငှာမဲချ ၍ခွဲဝေပေးမည်။-
ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိမိတို့ရရှိသောနယ်မြေထဲမှမြို့များ နှင့်စားကျက်များကိုလေဝိအနွယ်ဝင်တို့ အားခွဲဝေသတ်မှတ်ပေးကြလေသည်။
မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။
လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစု ဖြစ်သည့်အာရုန်သားမြေးတို့အတွက်ဦးစွာ မဲကျသဖြင့် ယုဒနှင့်ရှိမောင်တို့နယ်မြေထဲမှ မြို့များကိုသတ်မှတ်ပေးကြ၏။-