ယောရှု 21:9 - Common Language Bible9-10 လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစု ဖြစ်သည့်အာရုန်သားမြေးတို့အတွက်ဦးစွာ မဲကျသဖြင့် ယုဒနှင့်ရှိမောင်တို့နယ်မြေထဲမှ မြို့များကိုသတ်မှတ်ပေးကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible9-10 ယု ဒ အ နွယ် သား၊ ရှိ မောင့် အ နွယ် သား တို့ နယ် များ တွင် လေ ဝိ ဂိုဏ်း သား၊ ကော ဟတ် အ ဆက် အ နွယ်၊ အာ ရုန့် သား မြေး တို့ အား ပ ဌ မ မဲ ကျ သည့် အ တိုင်း၊ အောက်၌ အ မည် ပါ သော ဝ တ္ထု ကံ မြို့ များ ကို ပေး ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲကပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ယုဒအမျိုးအနွယ်နှင့် ရှိမောင်အမျိုးအနွယ်တို့ရသောအမွေမြေထဲမှ မြို့များကိုအမည်နှင့်တကွ မဲချခွဲဝေပေးခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်များနေထိုင်ရာအခြားမြို့ များ၌ အခြားလေဝိအနွယ်ဝင်များဖြစ် ကြသောဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိနှင့်ရှေကနိတို့ကကောရအား သစ္စာရှိစွာကူညီဆောင်ရွက်ပေးကြလေသည်။ သူတို့သည်မိမိတို့၏ညီအစ်ကိုလေဝိ အနွယ်ဝင်တို့အား သားချင်းစုအလိုက် မဟုတ်ဘဲသူတို့ထမ်းဆောင်ရသည့်တာဝန် ဝတ္တရားများအလိုက် ထိုလှူဖွယ်ပစ္စည်းများ ကိုခွဲဝေပေးကြရ၏။ မိမိတို့ရာထူး အလိုက်ဗိမာန်တော်တွင်နေ့စဉ် တာဝန် ထမ်းဆောင်ရသူအသက်သုံးဆယ်နှင့် အထက်ရှိသူအပေါင်းတို့သည်ဝေစု တစ်စုစီရရှိကြလေသည်။-
လေဝိအနွယ်ဝင်ကောဟတ်သားချင်းစုတို့ အတွက် မြို့များကိုဦးစွာခွဲဝေသတ်မှတ် ပေးကြသည်။ ထိုသို့ခွဲဝေပေးရာ၌ယဇ် ပုရောဟိတ်အာရုန်မှဆင်းသက်သောလေဝိ အနွယ်ဝင်တို့အတွက် မြို့တစ်ဆယ့်သုံးမြို့ ကိုယုဒနယ်မြေ၊ ရှိမောင်နယ်မြေ၊ ဗင်္ယာမိန် နယ်မြေထဲမှသတ်မှတ်ပေးကြသည်။-
ဒုတိယသံစုံသီချင်းအဖွဲ့ခေါင်းဆောင်မှာ အာသပ်ဖြစ်၏။ အာသပ်၏အဖသည်ဗေရခိ၊ ဗေရခိ၏အဖမှာရှိမာ၊ ရှိမာ၏အဖကား မိက္ခေလဖြစ်၏။ မိက္ခေလ၏အဖသည်ဗာသေ ယ၊ ဗာသေယ၏အဖမှာမာလခိ၊ မာလခိ ၏အဖကားဧသနိဖြစ်၏။ ဧသနိ၏ အဖသည်ဇေရ၊ ဇေရ၏အဖမှာအဒါယ၊ အဒါယ၏အဖကားဧသန်ဖြစ်၏။ ဧသန် ၏အဖသည်ဇိမ္မ၊ ဇိမ္မ၏အဖမှာရှိမိ၊ ရှိမိ ၏အဖသည်ယာဟတ်ဖြစ်၏။ ယာဟတ်၏ အဖသည်ဂေရရှုံ၊ ဂေရရှုံ၏အဖကား လေဝိဖြစ်၏။ ဤသို့လျှင်အာသပ်၏ဘိုး ဘေးစာရင်းသည်လေဝိတွင်အဆုံးသတ် သတည်း။