သို့ရာတွင်သုံးနှစ်ကြာသောအခါရှိမိ၏ ကျွန်နှစ်ယောက်သည်မာခါ၏သား၊ ဂါသ ဘုရင်အာခိတ်ထံသို့ထွက်ပြေးကြ၏။ ရှိမိ သည်ဂါသမြို့တွင်ထိုသူတို့ရှိနေကြောင်း သတင်းကြားသောအခါ၊-
ယောရှု 11:22 - Common Language Bible ထို့ကြောင့်ဣသရေလနိုင်ငံတွင်အာနက အမျိုးသားဟူ၍ တစ်ယောက်မျှအသက်ရှင် ၍မကျန်ရစ်ချေ။ သို့ရာတွင်ဂါဇမြို့၊ ဂါသ မြို့နှင့်အာဇုတ်မြို့များ၌သာလျှင်အာနက အမျိုးသားအချို့ကျန်ရှိကြသေးသည်။- Garrad Bible ဣ သ ရေ လ ပြည် နယ် တွင် တစ် ယောက် မျှ မ ကျန်၊ ဂါ ဇ၊ ဂါ သ၊ အာ ဇုတ် မြို့ များ၌ သာ ကြွင်း ကျန် နေ ထိုင် ကြ၏။ Judson Bible ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတစ်ပါး၊ ဣသရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူ တစ်ယောက်မျှမရှိ။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့၏ပိုင်နက်ထဲတွင် အာနကလူမျိုး တစ်ယောက်မျှမကျန်။ ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့တို့၌သာ အနည်းငယ်ကျန်ရစ်၏။ |
သို့ရာတွင်သုံးနှစ်ကြာသောအခါရှိမိ၏ ကျွန်နှစ်ယောက်သည်မာခါ၏သား၊ ဂါသ ဘုရင်အာခိတ်ထံသို့ထွက်ပြေးကြ၏။ ရှိမိ သည်ဂါသမြို့တွင်ထိုသူတို့ရှိနေကြောင်း သတင်းကြားသောအခါ၊-
ထို့နောက်ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ်မင်းသည်ဖိလိတ္တိအမျိုးသားတို့နှင့် စစ်တိုက်ရာအနိုင်ရတော်မူ၏။ သူတို့၏လက် မှဂါသမြို့အနီးတစ်ဝိုက်ရှိကျေးရွာများ ကိုသိမ်းယူတော်မူ၏။-
ဗေရိယနှင့်ရှေမတို့သည်အာဇလုန်မြို့တွင် အခြေစိုက်နေထိုင်ကြသူတို့၏အိမ်ထောင် ဦးစီးများဖြစ်၍ ဂါသမြို့သားတို့ကိုနှင် ထုတ်ကြသူများဖြစ်၏။-
သြဇိသည်ဖိလိတ္တိအမျိုးသားတို့အား စစ် ဆင်တိုက်ခိုက်ကာ ဂါသမြို့၊ ယာဗနေမြို့နှင့် အာဇုတ်မြို့တို့၏မြို့ရိုးများကိုဖြိုချပြီး လျှင်အာဇုတ်မြို့အနီးနှင့်ဖိလိတ္တိပြည်အခြား ဒေသများ၌တံတိုင်းကာရံထားသောမြို့ များကိုတည်ထောင်တော်မူ၏။-
အာရှုရိဘုရင်သာဂုန်၏အမိန့်တော်အရ အာရှုရိတပ်မတော်ဦးစီးချုပ်သည်ဖိလိတ္တိ ပြည်၊ အာဇုတ်မြို့ကိုတိုက်ခိုက်လေသည်။-
ဖိလိပ္ပုသည်အာဇုတ်မြို့သို့မိမိရောက်ရှိနေ သည်ကိုသိရ၏။ ထိုနောက်သူသည်ကဲသရိ မြို့သို့သွား၏။ လမ်းခရီးတွင်တစ်မြို့ပြီး တစ်မြို့သို့ဝင်၍သတင်းကောင်းကိုဟော ပြောကြေညာလေသည်။
ကရေတေကျွန်းသားတို့သည်မြေထဲ ပင်လယ်ကမ်းခြေတွင် အခြေချနေထိုင် ကြ၏။ သူတို့သည်မူလနေထိုင်သူအာဝိမ် လူမျိုးကိုသုတ်သင်ဖယ်ရှားပြီးလျှင် သူ တို့၏ပြည်ကိုတောင်ဘက်ဂါဇာမြို့အထိ သိမ်းပိုက်လိုက်ကြသည်။)
လူတို့သည်အရပ်မြင့်၍ခွန်အားဗလကောင်း ၏။ သူတို့သည်အလွန်ထွားကြိုင်းသဖြင့် မည် သူမျှသူတို့ကိုမယှဉ်ပြိုင်နိုင်ကြောင်းသင် တို့ကြားဖူးခဲ့ကြပြီ။-
ယောရှုသည်တောင်ဘက်ကာဒေရှဗာနာမြို့ မှပင်လယ်ကမ်းခြေအနီးရှိဂါဇမြို့တိုင် အောင်လည်းကောင်း၊ ဂေါရှင်ပြည်မှမြောက်ဘက် ဂိဗောင်မြို့သို့တိုင်အောင်လည်းကောင်းစစ်ချီ တိုက်ခိုက်ခဲ့လေသည်။-
ကာလက်သည်အာနက၏အဆက်အနွယ် များဖြစ်သောရှေရှဲသားချင်းစု၊ အဟိမန် သားချင်းစုနှင့်တာလမဲသားချင်းစုတို့ ကိုထိုမြို့မှနှင်ထုတ်လိုက်၏။-
ဧကြုန်မြို့မှမြေထဲပင်လယ်စပ်ကြားရှိ အာဇုတ်မြို့နှင့်၎င်းအနီးရှိမြို့ရွာများ လည်းပါဝင်လေသည်။
ထို့အပြင်အီဂျစ်ပြည်နယ်စပ်ရှိချောင်းနှင့် မြေထဲပင်လယ်ကမ်းခြေအထိကျယ်ပြန့် သောဒေသရှိအာဇုတ်မြို့၊ ဂါဇမြို့နှင့်ပတ် ဝန်းကျင်မြို့ရွာများလည်းပါဝင်လေသည်။-
ထာဝရဘုရားသည်ယုဒအနွယ်ဝင်တို့အား ကူမတော်မူသဖြင့် သူတို့သည်တောင်ကုန်းဒေသ ကိုသိမ်းပိုက်နိုင်ကြ၏။ သို့ရာတွင်ဂါဇမြို့၊ အာရှ ကေလုန်မြို့၊ ဧကြုံမြို့နှင့်ထိုမြို့များ၏အနီးရှိ နယ်ပယ်များကိုမူမသိမ်းပိုက်နိုင်ကြချေ။ ပင် လယ်ကမ်းခြေတွင်နေထိုင်ကြသော ဤသူတို့ တွင်သံရထားများရှိသဖြင့်ယုဒအမျိုး သားတို့သည်သူတို့အားနှင်ထုတ်ခြင်းငှာ မစွမ်းကြ။-
ထိုပြည်တွင်ကျန်ရှိနေသောလူမျိုးများမှာ ဖိလိတ္တိမြို့ငါးမြို့မှဖိလိတ္တိလူမျိုး၊ ခါနာန် လူမျိုးအားလုံး၊ ဇိဒုန်လူမျိုးနှင့်ဗာလဟေ ရမုန်တောင်မှဟာမတ်တောင်ကြားလမ်းအထိ တည်ရှိသောလေဗနုန်တောင်ပေါ်တွင်နေထိုင် သည့်ဟိဝိလူမျိုးတို့ဖြစ်ကြ၏။-
ဂါသမြို့သားဂေါလျတ်ဆိုသူသည်ဖိလိတ္တိတပ် စခန်းမှထွက်လာပြီးလျှင် ဣသရေလအမျိုးသား တို့အားမိမိနှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ် လေသည်။ သူသည်အရပ်ကိုးပေ ခန့်မြင့်၍၊-
ဖိလိတ္တိအမျိုးသားတို့သည်ပဋိညာဉ်သေတ္တာ တော်ကိုသိမ်းယူကြပြီးလျှင် ဧဗနေဇာမြို့ မှမိမိတို့နေထိုင်ရာအာဇုတ်မြို့သို့ပင့်ဆောင် ကာ၊-