ယောရှု 11:21 - Common Language Bible21 ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။- အခန်းကိုကြည့်ပါ။Garrad Bible21 ထို ကာ လ ယော ရှု ချီ သွား၍၊ ဟေ ဗြုန်၊ ဒေ ဗိ ရ၊ အာ နပ် မြို့ များ နှင့် ယု ဒ ပြည်၊ ဣ သ ရေ လ ပြည် ခင် တန်း တစ် လျှောက် နေ သော အာ န က လူ မျိုး ကို ပယ် ဖျက်၍၊ မြို့ များ ပါ၊ မြေ လှန် သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible21 ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနကလူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင်ရှိသမျှတို့မှ ပယ်ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထိုအချိန်တွင် ယောရှုသည် တောင်ပေါ်မြို့ဖြစ်သော ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့တို့နှင့် ယုဒတောင်ပေါ်ဒေသ၊ အစ္စရေးတောင်ပေါ်ဒေသတို့၌ နေထိုင်သောအာနကလူမျိုးတို့ကို ချီတက်တိုက်ခိုက်၍ သူတို့၏မြို့များနှင့် သူတို့ကို အကုန်အစင်ဖျက်ဆီးလေ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။