ယောရှု 10:41 - Common Language Bible41 ယောရှုသည်တောင်ဘက်ကာဒေရှဗာနာမြို့ မှပင်လယ်ကမ်းခြေအနီးရှိဂါဇမြို့တိုင် အောင်လည်းကောင်း၊ ဂေါရှင်ပြည်မှမြောက်ဘက် ဂိဗောင်မြို့သို့တိုင်အောင်လည်းကောင်းစစ်ချီ တိုက်ခိုက်ခဲ့လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible41 ကာ ဒေ ရှ ဗာ နာ မြို့ မှ ဂါ ဇ မြို့ တိုင် အောင်လည်း ကောင်း၊ ဂိ ဗောင် မြို့ ရောက် ဂေါ ရှင် တစ် နယ် လုံး ကိုလည်း ကောင်း၊ လုပ် ကြံ ၏။ အခန်းကိုကြည့်ပါ။Judson Bible41 ကာဒေရှဗာနာမြို့မှစ၍ ဂါဇမြို့တိုင်အောင်လည်းကောင်း၊ ဂေါရှင်ပြည်တစ်လျှောက်လုံးနှင့်တကွ၊ ဂိဗောင်မြို့တိုင်အောင်လည်းကောင်း လုပ်ကြံ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း41 ဤသို့ဖြင့် ယောရှုသည် ကာဒေရှဗာနာအရပ်မှ ဂါဇအရပ်တိုင်အောင်၊ ဂိဗောင်မြို့မှ ဂေါရှင်ပြည်တစ်လျှောက်လုံးကို တိုက်ခိုက်သိမ်းပိုက်၏။ အခန်းကိုကြည့်ပါ။ |
ဤအမှုကိုအာရှကေလုန်မြို့သည်မြင်၍ ကြောက်လန့်သွားလိမ့်မည်။ ဂါဇမြို့သည် လည်းမြင်သဖြင့်စိတ်နှလုံးတုန်လှုပ်ခြောက် ချား၍သွားလိမ့်မည်။ ဧကြုန်မြို့သည်လည်း ထိုနည်းလည်းကောင်းဖြစ်၍သူ၏မျှော်လင့် ချက်များပျက်ပြား၍သွားလိမ့်မည်။ ဂါဇ မြို့သည်မင်းဆက်ပြတ်လျက်၊ အာရှကေလုန် မြို့သည်လူသူဆိတ်ငြိမ်ရာဖြစ်၍ကျန်ရစ် လိမ့်မည်။-
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ငါတို့လိုက်နာကြ၏။ ငါတို့သည်သိနာတောင်မှထွက်ခွာခဲ့ပြီး နောက် အပြောကျယ်၍ကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းလျက် တောင် ထူထပ်သောအာမောရိပြည်သို့ဦးတည် ခရီးပြုခဲ့ကြ၏။ ငါတို့သည်ကာဒေရှ ဗာနာအရပ်သို့ရောက်သောအခါ၊-
ယေရုရှလင်မြို့သားတို့သည်အလွန်ကြောက် လန့်ကြ၏။ အဘယ်ကြောင့်ဆိုသော်ဂိဗောင် မြို့သည်မင်းနေပြည်တော်မြို့များကဲ့သို့ ကြီးကျယ်ခမ်းနားသောမြို့ဖြစ်သောကြောင့် လည်းကောင်း၊ အာဣမြို့ထက်ကြီး၍မြို့သား တို့သည်တိုက်ရည်ခိုက်ရည်ကောင်းသူများ ဖြစ်သောကြောင့်လည်းကောင်းဖြစ်သတည်း။-