အလင်းကို ``နေ့'' ဟူ၍လည်းကောင်း၊ အမှောင် ကို ``ညဥ့်'' ဟူ၍လည်းကောင်းခေါ်တွင်စေတော် မူ၏။ ညဦးမှနံနက်အထိပထမနေ့ရက် ဖြစ်လေ၏။
ယောဘဝတ္တု။ 2:13 - Common Language Bible ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။ v Garrad Bible ခု နှစ် ရက် နေ့ ညဉ့် ပတ် လုံး၊ ယော ဘ နှင့် အ တူ မြေ ပေါ် မှာ ထိုင် နေ ကြ ရာ၊ ကြီး စွာ သော ပူ ပန် ခြင်း ဒု က္ခ ကို သိ မြင် ကြ သော ကြောင့်၊ မည် သူ မျှ စ ကား မ ပြော မ ဆို နိုင် ချေ။ Judson Bible ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူ မြေပေါ်မှာထိုင်၍၊ သူသည် ပြင်းစွာသောဆင်းရဲ ခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲ နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ယောဘခံစားရသောဝေဒနာအလွန်ပြင်းထန်သည်ကို မြင်သဖြင့် မည်သူမျှစကားမပြောဘဲ သူနှင့်အတူမြေပေါ်တွင် ခုနစ်ရက်ခုနစ်ညထိုင်နေလေ၏။ |
အလင်းကို ``နေ့'' ဟူ၍လည်းကောင်း၊ အမှောင် ကို ``ညဥ့်'' ဟူ၍လည်းကောင်းခေါ်တွင်စေတော် မူ၏။ ညဦးမှနံနက်အထိပထမနေ့ရက် ဖြစ်လေ၏။
မိုးမျက်နှာကြက်ကို``မိုးကောင်းကင်'' ဟုခေါ် တွင်စေတော်မူ၏။ ညဦးမှနံနက်အထိဒုတိယ နေ့ရက်ဖြစ်လေ၏။
သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။-
ထိုစကားကိုကြားသောအခါငါသည် အဝတ်များကိုဆုတ်ပြီးနောက် ဆံပင်နှင့် မုတ်ဆိတ်ကိုဆွဲနုတ်ကာဝမ်းနည်းလျက် ထိုင်နေ၏။-
ထိုစကားကိုကြားသောအခါငါသည် ထိုင်၍ငိုကြွေး၏။ ငါသည်ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်အစာရှောင်ပြီးလျှင်၊-
ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
ကိုယ်တော်သည်ငါ့အားတစ်ညလုံးအိပ်ပျော်ခွင့်ကို ပေးတော်မမူပါ။ ငါသည်ပူပင်သောကရောက်ရလွန်းသဖြင့် စကားပင်မပြောနိုင်ပါ။
မြို့တံခါးများသည်ငိုကြွေးမြည်တမ်းလျက် မြို့ကြီးသည်လည်း အဝတ်အချည်းစည်းနှင့် မြေပေါ်တွင်ထိုင်လျက်နေသည့်မိန်းမနှင့် တူလိမ့်မည်။
``အို ဗာဗုလုန်မြို့တည်းဟူသောအမျိုးသမီး၊ သင်သည်ရာဇပလ္လင်ပေါ်မှဆင်း၍ မြေကြီးပေါ်တွင်ထိုင်လော့။ အခါတစ်ပါးကသင်သည်အနှောင့်အယှက် မခံရဘူးသည့်အပျိုစင်ဖြစ်ခဲ့၏။ သို့ရာတွင်ယခုသင်သည်ပျော့ပျောင်းသိမ်မွေ့သူ မဟုတ်တော့ပေ။ သင်သည်ယခုကျွန်ဘဝရောက်ခဲ့ပေပြီ။
ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍ မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။ မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။
သို့ဖြစ်၍ငါသည်ပြည်နှင်ဒဏ်သင့်သူတို့ နေထိုင်ရာခေဗာမြစ်အနီးတေလဗိဗရွာ သို့သွား၍ ငါတွေ့မြင်ခဲ့ရသောအမှုအရာ များကြောင့်ခုနစ်ရက်ပတ်လုံးအံ့အားသင့် လျက်နေ၏။