ကိုယ်တော်သည်မိမိလူစုတော်ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။
ယောဘဝတ္တု။ 12:23 - Common Language Bible တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း၊ ပြုတော်မူ၏။ Garrad Bible လူ မျိုး တို့ အား၊ တိုး ပွား ခြင်း၊ ဖျက် ဆီး ခြင်း ကိုလည်း ကောင်း၊ နှံ့ ပြား ခြင်း၊ ဆောင် သွား ခြင်း ကိုလည်း ကောင်း၊ ပြု တော် မူ၏။ Judson Bible တိုင်းနိုင်ငံတို့ကို ချီးမြှောက်၍ တစ်ဖန် ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှာလည်းကောင်း ကျဉ်းစေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တိုင်းနိုင်ငံတို့ကို အားကြီးစေပြီးမှ ဖျက်ဆီးပစ်တော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်ပြန့်စေပြီးမှ ကွဲလွင့်စေတော်မူ၏။ |
ကိုယ်တော်သည်မိမိလူစုတော်ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။
ဘုရားသခင်၏လူစုတော်သည်ရက်စက်စွာ ဖိစီးနှိပ်စက်မှုနှင့်ဆင်းရဲဒုက္ခများကြောင့် အရေးရှုံးနိမ့်ကာအရှက်တကွဲဖြစ်ရကြ သောအခါ
ဝမ်းဆွဲတို့သည်ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ထာဝရဘုရားကသူတို့ကိုကျေးဇူးပြု၍ သူတို့၌အိမ်ထောင်မိသားစုများရှိစေတော်မူ၏။ ဣသရေလအမျိုးသားတို့၏ဦးရေသည်လည်းတိုးပွားများပြားလာ၏။-
သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။
အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့၏နိုင်ငံကိုကြီးပွားတိုးတက် စေတော်မူပါပြီ။ ကြီးပွားတိုးတက်စေတော်မူပါပြီ။ ယင်း၏နယ်ပယ်တို့လည်းလေးဘက်လေးတန် ပိုမိုကျယ်ဝန်းစေတော်မူပါပြီ။ ဤသို့ပြုတော်မူသဖြင့်ကိုယ်တော်ရှင်တွင် ဂုဏ်အသရေရှိပါ၏။
ထိုနေ့၌ယာကုပ်၏သားမြေးများဖြစ်သော ဣသရေလအမျိုးသားတို့သည် သစ်ပင်သဖွယ် အမြစ်စွဲ၍ဖူးပွင့်ကြလိမ့်မည်။ ကမ္ဘာမြေကြီး သည်သူတို့၏သားမြေးများနှင့်ပြည့်နှက်၍ နေလိမ့်မည်။
သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။ အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။ သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊ သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။
သင်၏အနည်းဆုံးအညံ့ဆုံးသောသူပင်လျှင်၊ ထောင်ချီလျက်များပြားလာပြီး တန်ခိုးကြီးမားသည့်လူမျိုးသဖွယ်ကြီးမြတ်၍ လာလိမ့်မည်။ အချိန်ကျလျှင်ငါသည်ဤအတိုင်းလျင်မြန်စွာ ဖြစ်ပျက်စေတော်မူမည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူပါသည် တကား။''
အို ထာဝရဘုရားကိုယ်တော်ရှင်သည်သူတို့ အား လွန်စွာအားရရွှင်လန်းမှုကိုပေးတော်မူပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားဝမ်းမြောက် စေတော်မူပါပြီ။ လူတို့သည်အသီးအနှံရိတ်သိမ်းချိန်၌လည်းကောင်း၊ တိုက်ရာပါပစ္စည်းများကိုခွဲဝေယူချိန်၌လည်းကောင်း၊ ဝမ်းမြောက်ကြသကဲ့သို့ သူတို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ကြ ပါ၏။
ထိုနေရာတို့တွင်နေထိုင်ကြသူများသည် ထောမနာသီချင်းကိုသီဆိုကြလိမ့်မည်။ သူတို့သည်ဝမ်းမြောက်စွာကြွေးကြော်ကြ လိမ့်မည်။ ငါသည်သူတို့အားလူဦးရေတိုးပွားစေ၍ ဂုဏ်အသရေရှိစေမည်။
ငါသည်မိုးကောင်းကင်ကြယ်တာရာများနှင့် ပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ရေတွက် ၍မရနိုင်အောင် ငါ၏အစေခံဒါဝိဒ်၏သား မြေးများနှင့်ငါ၏အမှုတော်ဆောင်လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်တို့၏အရေ အတွက်ကိုတိုးပွားများပြားစေမည်'' ဟုမိန့်တော်မူ၏။
``ငါသည်မိမိ၏လူမျိုးတော်ကိုခေါ်ယူ စုရုံးမည်။ လူတို့ကိုကယ်တင်၍ရှေးကနည်းတူ ဦးရေတိုးတက်များပြားစေမည်။
ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-